Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ပြည်သူတစ်ရပ်လုံးဘက်မှ ရပ်တည်ပြီး ခုခံတော်လှန်တိုက်ပွဲ ဆက်လက်ဆင်နွှဲမည်ဟု KNPP ကြေညာ

ယနေ့ (မေလ ၂ရက်)တွင် ကျရောက်သည့် KNPP တည်ထောင်ခြင်း (၆၆)နှစ်ပြည့်အထိမ်းအမှတ် ကြေညာချက် ထုတ်ပြန်ရာ၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ လက်အောက်ရှိ ကရင်နီအမျိုးသားတပ်မတော် (KA)တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KNPP)
(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ လက်အောက်ရှိ ကရင်နီအမျိုးသားတပ်မတော် (KA)တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KNPP)

▪️အသက်ပေးဆပ်စွန့် လွှတ်တိုက်ပွဲဝင်ခဲ့သည့် ကရင်နီသူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုကြောင်း NUG ကာကွယ်ရေးသဝဏ်လွှာပို့

စစ်အုပ်စုမှ တိုင်းပြည်အာဏာကို ထပ်မံသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသည့် အာဏာရှင်စနစ်မှန်သမျှ တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲကြီးတွင် တော်လှန်သော ပြည်သူတစ်ရပ်လုံးဖက်မှ ရပ်တည်ပြီး ခုခံတော်လှန် တိုက်ပွဲ ဆက်လက်ဆင်နွှဲမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ကြေညာချက် ထုတ်ပြန်သည်။

ယနေ့ (မေလ ၂ရက်)တွင် ကျရောက်သည့် KNPP တည်ထောင်ခြင်း (၆၆)နှစ်ပြည့်အထိမ်းအမှတ် ကြေညာချက် ထုတ်ပြန်ရာ၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော ကရင်နီအမျိုးသားထုတစ်ရပ်လုံး ဖိနှိပ်မှုမှ လွတ်မြောက်ပြီး တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရှိသော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း KNPPက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

KNPP တည်ထောင်ခြင်း (၆၆)နှစ်ပြည့်အထိမ်းအမှတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ရာ (၆၆) နှစ်တာကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဦးဆောင်မှုအောက်တွင် ကရင်နီအမျိုးသားတရပ်လုံးသည် တော်လှန်ရေးလှိုင်းတံပိုးများကို ကြံ့ကြံ့ခံလျက် အာဏာရှင်အား မဆုတ်မနစ် ခုခံတွန်းလှန်ခဲ့ကြကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အကြမ်းဖက်စစ်တပ်မှ မတရား အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ကရင်နီအမျိုးသားခုခံတော်လှန်ရေးသည် နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန်မြင့်မားစွာဖြင့် ဆက်လက် ချီတက်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်အား အဆမတန်သာလွန် အင်အားဖြင့် အလုံးအရင်း ထိုးစစ်ဆင်လျက်ရှိပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားတရပ်လုံးသည် သတ္တိဂုဏ်ရောင် ပြောင်စွာ ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက် ရှိကြောင်း၊ ကရင်နီအမျိုးသားခုခံတော်လှန်ရေးတလျှောက် အသက်၊အိုးအိမ်၊စည်းစိမ်များစွာ စွန့်လွှတ် ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သော ကရင်နီအမျိုးသား အာဇာနည်သူရဲကောင်းများ အားလုံးကိုလည်း မမေ့မလျော့ ဦးညွှတ်ဂုဏ်အပ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

နှစ်ကာလများစွာ ပြည်သူအားဖိနှိပ်ဗိုလ်ကျလာသည့် ဘုံရန်သူအကြမ်းဖက်စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖယ်ရှားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှု များကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ထောင်နိုင်ရန် အတူတကွ လက်တွဲ ရုန်းကန်ကြိုးစားကြမည်ဟု တော်လှန်ရေးသန္နိဌာန်ပြုကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုက​ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။