Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီရဲ့ သော်လဲထစခန်းကို KNU တက်သိမ်း

မြန်မာ-ထိုင်းနယ်စပ် အနီးရှိ အာဏာသိမ်းစစ်​ကောင်စီ၏ ​သော်လဲထာတပ်စခန်းကို KNU/KNLA ကယ​​နေ့နံနက် ​​လေးနာရီခွဲတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကသတင်းထုတ်ပြန်သည်။

“စခန်းတော့ တကယ်ကျသွားတယ် အဲ့ဒါအမှန်ပဲ အခုလက်ရှိတင်ပြတာ မရှိသေးတော့ အသေးစိတ် အချက်အလက်မရသေးဘူးပေါ့နော်။ စခန်းတော့ သိမ်းပြီးသွားပြီ” လို့ KNU တပ်မဟာ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

အဆိုပါစခန်းသည် စစ်အုပ်စုက အာဏာသိမ်းပြီး​နောက် ထိုင်းနိုင်ငံက နယ်စပ်ရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များအတွက် ဆန် နှင့်ဆီအပါအဝင် စားနပ်ရိက္ခာများကို ကုန်တင်ကားများဖြင့် လာ​ရောက်ပို့​​ဆောင်ရာ KNU ကကန့်ကွက်တားဆီးသဖြင့် အ​ခြေအ​နေတင်းမာခဲ့​သော စခန်းတစ်ခုဖြစ်သည်။

KNU ၏တားဆီးမှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ အဆိုပါစားနပ်ရိက္ခာများကို မယူရဲ​တော့ဘဲ ၊ကုန်ပို့သူများက ကုန်များကို ကားဖြင့်ပြန်သယ်သွားခဲ့သည်။

သော်လဲထာ စခန်းကို ဧပြီ ၂၇ နံနက်တွင် သိမ်းယူပြီး​နောက် KNU ကသတင်းထုတ်ပြန်ရာတွင် “မိဘပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေသော၊ မိဘပြည်သူများကိုခြောက်လှန့်ပစ်ခတ်နေသော တပ်စခန်းများကိုလည်း ထပ်မံတိုက်ခိုက်သိမ်းယူမည် ဖြစ်​ပါသည်” ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။