Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယား စစ်သင်တန်းဆင်းပွဲ တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်လို့ လူ ၁၀၀ ကျော်သေဆုံး

ဆီးရီးယား စစ်သင်တန်းဆင်းပွဲ တစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်လို့ လူ ၁၀၀ ကျော်သေဆုံး

ဆီးရီးယားနိုင်ငံမှာ စစ်သင်တန်းဆင်းပွဲ ကျင်းပနေတုန်း ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့် လူတွေ ရာနဲ့ချီ သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဟွမ်းစ်မြို့က စစ်သင်တန်း အကယ်ဒမီ တစ်ခုမှာ အောက်တိုဘာ ၅ ရက်က သင်တန်းဆင်းပွဲ ကျင်းပနေပြီး ဗိုလ်လောင်းတွေနဲ့ မိသားစုတွေ စုံညီနေချိန်မှာ ရုတ်တရက် ပျံသန်းရောက်ရှိလာတဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ ဖောက်ခွဲရေး ပစ္စည်းတွေ ချိတ်ဆွဲထားတဲ့ ဒရုန်းတွေက ဗိုလ်လောင်းတွေနဲ့ ဧည့်ပရိသတ် လူအုပ်ကြီးကို ပစ်မှတ်ထားခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူတွေ အမြောက်အမြား သေဆုံးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ဆီးရီးယားမှာ အာဏာရှင်ဆန်ဆန် အုပ်စိုးနေတဲ့ သမ္မတ ဘာရှာ အယ်လ်အာဆတ်ဒ်ရဲ့ အစိုးရကို ခုခံတော်လှန်နေတဲ့ သူပုန် အဖွဲ့အစည်း တော်တော်များများ ရှိနေပြီး အခုလုပ်ရပ်ကို နိုင်ငံတကာ သိထားပြီးသားဖြစ်တဲ့ အကြမ်းဖက် သူပုန် အင်အားစု တစ်ခုက ကျူးလွန်တာလို့ ဆီးရီးယား စစ်တပ်က စွပ်စွဲပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲ ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

ဆီးရီးယားမှာ နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ကာလအတွင်း တော်လှန်ရေး အင်အားစုတွေရော၊ အကြမ်းဖက် ဂျီဟတ်ဒ်ဝါဒစွဲ အင်အားစုတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါ ဆီးရီးယား အစိုးရက နိုင်ငံပိုင်နက် နယ်မြေ အားလုံးနီးပါးကို ပြန်လည် ထိန်းချုပ်ထားပြီ ဖြစ်ပေမယ့် အတိုက်အခံ လက်နက်ကိုင် လှုပ်ရှားမှု ဆဲလ်တွေကတော့ ပျံ့နှံ့ တည်ရှိနေဆဲပါ။

Public Service Announcement

Public Service Announcement

အခုတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဒရုန်းတွေကို ဟွမ်းစ်မြို့ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိတဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေကနေ စေလွှတ်လိုက်တယ်လို့ ယူဆရပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူတွေထဲမှာ ကလေး ၆ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါဝင်ခဲ့ကြောင်း ပါရှိပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာတော့ စစ်ရေးပြ ချီတက်ပွဲ ကွင်းပြင်ထဲမှာ သွေးအလူးလူးနဲ့ လဲကျ သေဆုံးနေသူတွေ၊ ဆောက်တည်ရာမရ အကူအညီ တောင်းနေတဲ့ ဆွေမျိုးသားချင်းတွေကို တွေ့နေခဲ့ရပြီး နောက်ကွယ်မှာတော့ ဒရုန်းတွေကို ပစ်ချနေတယ်လို့ ယုံကြည်ရတဲ့ သေနတ်သံတွေကို ကြားနေခဲ့ရပါတယ်။

ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဟာ အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့ပေမယ့် တိုက်ခိုက်မှု မဖြစ်ခင် မိနစ်ပိုင်း အလိုမှာ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)က ဆိုပါတယ်။

၂၀၁၁ ခုနှစ်က ဆီးရီးယားမှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အာဆတ်ရဲ့ အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းရာက ပြည်တွင်းစစ်ပွဲ စတင်ခဲ့ပါတယ်။ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာရသူ ၆.၈ သန်းကျော် ရှိခဲ့ပြီး နောက်ထပ် ၆ သန်းကျော်ကတော့ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook