Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးက နေ့တိုင်း ၄ နာရီကြာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးထားမယ်လို့ အမေရိကန် ကြေညာ

အောက်တိုဘာ ၇ ရက်က ဟားမားစ် ပြောက်ကျားတွေ အစ္စရေး နယ်စပ်ကို ကျူးကျော်တိုက်ခိုက်ရာက စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲမှာ အစ္စရေးဖက်က ၁၄၀၀ ကျော်နဲ့ ပါလက်စတိုင်းဖက်က ၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အစ္စရေးက နေ့တိုင်း ၄ နာရီကြာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးထားမယ်လို့ အမေရိကန် ကြေညာ
အစ္စရေးက နေ့တိုင်း ၄ နာရီကြာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးထားမယ်လို့ အမေရိကန် ကြေညာ

လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး အထောက်အကူ ဖြစ်စေဖို့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အစ္စရေးက နေ့တိုင်း ၄ နာရီစီ ဆိုင်းငံ့ပေးထားမယ်လို့ အမေရိကန်က ပြောပါတယ်။

အိမ်ဖြူတော်က မြောက်ပိုင်းဂါဇာမှာ အစ္စရေးစစ်တပ် အပြင်းအထန် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ ပုံမှန် နေ့တိုင်း ၄ နာရီကြာ ရပ်နားပေးထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီလို အနားပေးကာလ သတ်မှတ်တာမျိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အစ္စရေးက လက်တွေ့ စမ်းသပ်ခဲ့ပြီး အခုတော့ ပုံသေအဆင့်မျိုး ဖြစ်လာတော့မှာလို့ အမေရိကန်က ပြောပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ဟာ ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် နေ့စဉ် အပစ်အခတ် ရပ်စဲတဲ့ ကာလတစ်ခု သတ်မှတ်နိုင်ရေး အစ္စရေးကို အသည်းအသန် နားချခဲ့ရပါတယ်။

တိုက်ပွဲတွေ ရပ်နားနေတဲ့ ၄ နာရီ အချိန် အပိုင်းအခြားအတွင်း လူသားချင်း စာနာမှု အထောက်အပံ့ ယာဉ်တန်းတွေ အမြန်ဝင်ရောက်ပြီး သတ်မှတ်ချိန် မတိုင်ခင် ဂါဇာကနေ ပြန်လည် ထွက်ခွာရမှာ ဖြစ်ပါတယ်။ ပြီးတော့ တိုက်ပွဲပြင်းထန်ရာ ဧရိယာတွေမှာ ပိတ်မိနေတဲ့ အရပ်သား ပြည်သူတွေ ရွှေ့ပြောင်းနိုင်ရေး အတွက်လည်း အဲဒီ ကာလကို အသုံးပြုနိုင်မယ်လို့ အမေရိကန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက အခုလို ၄ နာရီ အပစ်အခတ် ရပ်စဲထားပေးမယ့် အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်နိုင်ရေးအတွက် အရေးကြီးတဲ့ ပထမအဆင့် ခြေလှမ်း ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း သူဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ တွေ့ဆုံချိန်မှာ စစ်ဆင်ရေးတွေကို သိသာထင်ရှားတဲ့ အချိန် အပိုင်းအခြား တစ်ခုထိ ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုထားကြောင်းနဲ့ အမေရိကန်ရဲ့ အားထုတ်မှုတွေက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမားစ် ပြောက်ကျားတွေ အစ္စရေး နယ်စပ်ကို ကျူးကျော်တိုက်ခိုက်ရာက စတင်ခဲ့တဲ့ ဂါဇာ စစ်ပွဲမှာ အစ္စရေးဖက်က ၁၄၀၀ ကျော်နဲ့ ပါလက်စတိုင်းဖက်က ၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။