Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလို ပါကစ္စတန်မှာ ဗုံးနှစ်လုံး ပေါက်ကွဲပြီး လူ ၂၈ ဦးထက်မနည်း သေဆုံး

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလို ပါကစ္စတန်မှာ ဗုံးနှစ်လုံး ပေါက်ကွဲပြီး လူ ၂၈ ဦးထက်မနည်း သေဆုံး
ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလို ပါကစ္စတန်မှာ ဗုံးနှစ်လုံး ပေါက်ကွဲပြီး လူ ၂၈ ဦးထက်မနည်း သေဆုံး

ပါကစ္စတန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရုံးတွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှု နှစ်ခုကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဘာလိုချီစတန် ပြည်နယ်ထဲက မတူညီတဲ့ နေရာနှစ်ခုမှာ ဖေဖော်ဝါရီ ၇ ရက်က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ပထမ ပေါက်ကွဲမှုဟာ ပီရှင် ခရိုင်ထဲက ကွက်တာမြို့ရဲ့ မြောက်ဖက်မှာ ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ လူ ၁၂ ဦး အသက်ဆုံးရှုံးစေခဲ့တဲ့ ဒုတိယ ပေါက်ကွဲမှုကိုတော့ ပြည်နယ် အရှေ့ပိုင်းက ကွီလာ ဆိုင်ဖူလာ မြို့မှာ ကြုံတွေ့ခဲ့ပါတယ်။

အိုင်အက်စ် အကြမ်းဖက် အဖွဲ့က အဲဒီ တိုက်ခိုက်မှု နှစ်ခုစလုံးဟာ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခု ဗုံးခွဲမှုတွေဟာ အရင်ကတည်းက မဲမသမာမှု စွပ်စွဲချက်တွေ၊ အကြမ်းပတမ်း ရန်လိုမှုတွေနဲ့ ရုန်းကန်နေရတဲ့ ပါကစ္စတန် ရွေးကောက်ပွဲရဲ့ အခြေအနေတွေကို ပိုမို ယိမ်းယိုင် ဆိုးရွားသွားစေခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် ဗုံးကွဲမှု နှစ်ခုစလုံးဟာ မော်တော်ဆိုင်ကယ်တွေမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဘာလိုချီစတန်ဟာ သဘာဝ သယံဇာတ ရင်းမြစ်တွေ ပေါကြွယ်ဝပြီး ပါကစ္စတန်ရဲ့ အကြီးဆုံး ပြည်နယ် ဖြစ်သလို အဆင်းရဲဆုံး ဒေသတစ်ခု အဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။ ပြီးတော့ ဆူပူမှု၊ ရန်လိုမှုတွေ သမိုင်းကြောင်း ရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။

ပါကစ္စတန် ရွေးကောက်ပွဲကိုတော့ ဖေဖော်ဝါရီ ၈ ရက်၊ ဒီနေ့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။