Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန်က ကောင်းကင်ကြိုး ကေဘယ်လ်ကားထဲ ပိတ်မိနေသူ အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့

စစ်ရဟတ်ယာဉ် တစ်စီးဟာ ကေဘယ်လ်ကားနားထိ ကြိုးကြိုးစားစား ချဉ်းကပ်ပြီး ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ မြေပြင် အဖွဲ့သားတွေက နာရီပေါင်း အတော်ကြာမှာ ချောချောမောမော ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်က ကောင်းကင်ကြိုး ကေဘယ်လ်ကားထဲ ပိတ်မိနေသူ အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့
ပါကစ္စတန်က ကောင်းကင်ကြိုး ကေဘယ်လ်ကားထဲ ပိတ်မိနေသူ အားလုံးကို ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့

ပါကစ္စတန် နိုင်ငံမှာ ကောင်းကင်ကြိုး ကေဘယ်လ်ကားစနစ် ချွတ်ယွင်းပြီး အမြင့် ပေ ၉၀၀ လောက်မှာ ပိတ်မိနေတဲ့ ခရီးသည် ၈ ယောက်စလုံးကို ခက်ခက်ခဲခဲ ကယ်တယ်နိုင်ခဲ့ပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်းက အကျယ် ၁ မိုင်လောက် ရှိတဲ့ လျှိုကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ ကောင်းကင်ကြိုး ကေဘယ်လ်ကား တစ်စီး စက်ချွတ်ယွင်းပြီး လမ်းခုလတ်မှာ ရပ်တန့်နေခဲ့တာပါ။ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ မစ်ရှင်ဟာ အန္တရာယ် ကြီးသလို သည်းထိတ်ရင်ဖို စွန့်စားခန်းမျိုးလည်း ဖြစ်ခဲ့ပါတယ်။

စစ်ရဟတ်ယာဉ် တစ်စီးဟာ ကေဘယ်လ်ကားနားထိ ကြိုးကြိုးစားစား ချဉ်းကပ်ပြီး ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ မြေပြင် အဖွဲ့သားတွေက နာရီပေါင်း အတော်ကြာမှာ ချောချောမောမော ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိတ်မိနေသူတွေကို ဘေးလွတ်တဲ့ နေရာထိ ကောင်းကင် ဇစ်ကြိုးလိုင်းတွေနဲ့ ခေါ်ထုတ်နိုင်ခဲ့တဲ့ မစ်ရှင် အောင်မြင်သွားတဲ့နောက် အနီးတဝိုက် တောင်ကုန်းတစ်နေရာမှာ ရင်တထိတ်ထိတ် စောင့်ကြည့်နေသူ လူအုပ်ကြီးက သောင်းသောင်းဖြဖြ အားပေး အောင်ပွဲခံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကေဘယ်လ်ကားပေါ် ပိတ်မိနေသူတွေဟာ ကျောင်းသားလူငယ် ၆ ဦး အပါအဝင် စုစုပေါင်း ၈ ဦးဖြစ်ပြီး ကျောင်းကို အသွားမှာ အခုလို အကျပ်အတည်း အခြေအနေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပါကစ္စတန် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အန်ဝါ အူလ်ဟက် ကက်ကာက သတင်းကောင်းကို ကြားသိရတော့မှ သူလည်း စိတ်သက်သာရာ ရခဲ့ကြောင်း၊ ကယ်ဆယ်ရေး ကဏ္ဍမှာ အစွမ်းကုန် ကြိုးစားပါဝင်ပေးခဲ့သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်မိကြောင်း ပြောကြားသွားပါတယ်။

ဘက်တာဂရမ် မြို့နားက လျှိုတစ်ခုပေါ်က ကောင်းကင်ကြိုး ကေဘယ်လ်ကားပေါ်မှာ အသက် ၁၀ နှစ်နဲ့ ၁၆ နှစ်ကြား ကလေး ၆ ဦး၊ လူကြီး ၂ ဦးတို့ ပိတ်မိနေကြောင်း ဩဂုတ် ၂၂ ရက် မနက်ပိုင်းမှာ ဒေသခံ မီဒီယာတွေက စတင် ဖော်ပြခဲ့ပါတယ်။ ဆယ်ကျော်သက် ကလေးတစ်ဦးကတော့ အကြောက်လွန်ပြီး နှလုံးဖောက်တဲ့ အခြေအနေမျိုး ကြုံလာရတဲ့အတွက် ပိုပြီး စွန့်စားရတဲ့ နည်းလမ်းကို ရွေးချယ်ပြီး သူ့ကို မဖြစ်မနေ ရဟတ်ယာဉ်နဲ့ အရင်ဆုံး ကယ်ဆယ် ရွှေ့ပြောင်းခဲ့ရတာပါ။

ဒေသတွင်းမှာ ဒေါ်လီလို့ ချစ်စနိုး နာမည်ပေးထားတဲ့ ကေဘယ်လ်ကားဟာ ဂျန်ဂရီနဲ့ ဘာတန်ဂျီ ကျေးရွာတွေကို သွယ်တန်းထားတာပါ။ အေလိုင် လျှိုကို ဖြတ်ပြီး ဘာတန်ဂျီမှာ ကျောင်းသွားတက်သူတွေနဲ့ တခြား ခရီးသွားတွေ အတွက်တော့ ဒေါ်လီဟာ စျေးသက်သာပြီး ပေါ်ပြူလာဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုအဖြစ် ကာလရှည်ကြာ ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ စက်ချွတ်ယွင်းမှု ဖြစ်ချိန်တုန်းက ဒေါ်လီဟာ အဲဒီနေ့က ၅ ကြိမ်မြောက် ပြေးဆွဲပေးနေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

နိုင်ငံတကာ

ဘာသာရေး အစွန်းရောက် လူရမ်းကားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို မီးရှို့ပြီး အနီးတဝိုက်က နေအိမ်တွေကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ မီးရှို့မှုတွေ ဦးဆောင် ကျူးလွန်သူ ၄ ဦးလောက်ကို ဖမ်းဆီးထားပါတယ်။

နိုင်ငံတကာ

ရထားပို့ဆောင်ရေးဌာန ဝန်ကြီး ဆက်ဒ်ရာဖစ်က ကနဦး စုံစမ်းမှုတွေအရ ရထားဟာ ပုံမှန် သတ်မှတ် မြန်နှုန်းနဲ့ပဲ မောင်းနှင်နေခဲ့တယ်လို့ သိရှိထားကြောင်း ပြောပါတယ်။ ဘယ်လို အမှားအယွင်းကြောင့် အခုလို မတော်တဆမှုမျိုး ဖြစ်သွားသလဲ ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ ဝန်ကြီးက ဆိုပါတယ်။