Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော်တိုက်ခိုက်မှုမှ PDF များဘေးကင်းဟုပါဝင်တိုက်ခိုက်ခဲ့​​သောအဖွဲ့ထုတ်ပြန်

စစ်ရုံးချုပ်၊ ​အေလာ​လေတပ် နှင့် အာဏာသိမ်း​ခေါင်း​ဆောင်၏ ​အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ​ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။

(​PDF များနှင့် နေပြည်​တော်ကိုတိုက်ခိုက်ခဲ့​သော Kamikaze ဒရုန်းများထဲမှ အချို့ကို​​တွေ့ရစဥ်။ဓါတ်ပုံ-POA)
(​PDF များနှင့် နေပြည်​တော်ကိုတိုက်ခိုက်ခဲ့​သော Kamikaze ဒရုန်းများထဲမှ အချို့ကို​​တွေ့ရစဥ်။ဓါတ်ပုံ-POA)

သရဖူ/People’s Spring

နေပြည်တော်ရှိ စစ်ရုံးချုပ်၊ အေလာလေတပ်နှင့်အာဏာသိမ်း​ခေါင်း​ဆောင်အိမ်တို့အား ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း POA (Power of Ababil) ကသတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်​ရေးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team ၊ Power of Ababil ( POA ) တပ်ဖွဲ့ ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် (၃၅၀၂)တပ်ခွဲ (၁) Orion Drone Team တို့က မောင်းသူမဲ့ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းထုတ်ပြန်ထားသည်။

စစ်ဆင်​ရေးကို ဧပြီ ၄ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကနဦး သတင်းအချက်အလက်အရ အရာရှိအချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်းသေဆုံးကြောင်းPOA Drone Team ကထုတ်ပြန်ထားသည် ။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

“စစ်ရုံးချုပ်ကို ပစ်တယ်လို့ သတင်းတွေတက်လာတော့ PDF တွေ ဘေးကင်းပါ့မလား စိတ်ပူခဲ့တာ။ ဘေးကင်းပြီးဆိုမှ စိတ်ချနိုင်တာ။ ကျတော်တို့ စစ်ကို မျှော်တယ်ပြောလည်း ပြော။ နေပြည်တော် ပစ်မှတ်တွေကို ချဖို့လိုတာအမှန်ပဲ”ဟု နေပြည်တော်ဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုသတင်းစတင်ထွက်ပေါ်လာချိန်၌ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှားဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ နာရီနည်းငယ်ကြာတွင် စစ်ကောင်စီကဝန်ခံလိုက်ရသည်။နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု စစ်ကောင်စီကဆိုခဲ့သည်။

စစ်ရုံးချုပ်၊ ​အေလာ​လေတပ် နှင့် အာဏာသိမ်း​ခေါင်း​ဆောင်၏ ​အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ​ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။

NUG ကာကွယ်​ရေးဝန်ကြီး ဦး​ရည်မွန်ကလည်း”ဒီ​နေ့ ​နေပြည်​တော်”ဟု ​ခေါင်းစဥ်တပ်၍ဒရုန်း ​စစ်ဆင်​ရေးနှင့်ပတ်သက်၍”ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” ဟု ​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ