Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨⁨နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ် ထူထောင်မယ်လို့ ပူတင်နဲ့ရှီ ပူးတွဲကြေညာ

၂၀၂၂ ခုနှစ်တုန်းကလည်း ပူတင်နဲ့ ရှီတို့ဟာ တရုတ်-ရုရှား ဆက်ဆံရေးဟာ အကန့်အသတ်မရှိ ကျယ်ပြန့်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ကြဖူးပါတယ်။

⁨⁨နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ် ထူထောင်မယ်လို့ ပူတင်နဲ့ရှီ ပူးတွဲကြေညာ
⁨⁨နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ် ထူထောင်မယ်လို့ ပူတင်နဲ့ရှီ ပူးတွဲကြေညာ

နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍမှာ ခေတ်သစ်တစ်ခုကို ထူထောင်သွားမယ်လို့ တရုတ်နဲ့ ရုရှား သမ္မတတွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို အလည်အပတ် ရောက်ရှိနေတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က လက်ခံကြိုဆိုပြီး နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရှီဟာ ဘေဂျင်း နိုင်ငံတော် ခန်းမမှာ ပူတင်ကို ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့သလို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)ကလည်း တီယန်နန်မင် ရင်ပြင်မှာ သေနတ် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။

ပူတင်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းသစ်ကို ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက်ပိုင်းအတွင်းမှာတင် ဘေဂျင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ရှီနဲ့ အသက် ၇၁ နှစ်အရွယ် ပူတင်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် အသစ်တွေကို လက်မှတ် ရေးထိုးခဲ့ကြပြီး လက်တွဲလုပ်ဆောင်မှုတွေရဲ့ ခေတ်သစ်တစ်ခုကို ဝင်ရောက်လာပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်တုန်းကလည်း ပူတင်နဲ့ ရှီတို့ဟာ တရုတ်-ရုရှား ဆက်ဆံရေးဟာ အကန့်အသတ်မရှိ ကျယ်ပြန့်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ကြဖူးပါတယ်။

အခုတစ်ကြိမ်မှာတော့ ရှီနဲ့ ပူတင်တို့ဟာ အမေရိကန် အစိုးရရဲ့ ရန်လိုတဲ့ မူဝါဒတွေကိုပါ ပူးတွဲ ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ တရုတ်ရော၊ ရုရှားကိုပါ အာဏာရှင် အုပ်စိုးမှုအောက်မှာ ရှိနေတယ်လို့ ယူဆထားပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တွေကို အစိုးရက ပိတ်ပင်နေကြောင်း သတ်မှတ်ထားပါတယ်။

တရုတ်-ရုရှား ပူးတွဲ ကြေညာချက်မှာတော့ အမေရိကန်ဟာ လက်ရှိ အချိန်ထိ စစ်အေးခေတ် အတွေးအမြင်တွေကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဒေသအလိုက် တည်ငြိမ်မှု၊ လုံခြုံမှုတွေထက် နိုင်ငံအစုအဝေး တစ်ခုစာရဲ့ လုံခြုံရေးကိုသာ အလေးပေးချင်နေကြောင်း၊ အမေရိကန်ဟာ အဲဒီ အမူအကျင့်တွေကို စွန့်လွှတ်ဖို့ လိုနေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ရာမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ ရှိနေတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တဲ့ အပေါ်မှာလည်း ရုရှားနဲ့ တရုတ်တို့ ပူးပေါင်း ရှုတ်ချခဲ့ပါတယ်။

ပူတင်ဟာ ဘေဂျင်းကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ဆိုဗီယက် ပြည်ထောင်စုက အသိအမှတ်ပြုမှု ၇၅ နှစ်ပြည့် အခမ်းအနားကိုလည်း တက်ရောက်မှာပါ။ ပူတင်ဟာ တရုတ်အပြင် အာရှတိုက်ထဲက တခြားနိုင်ငံတွေဆီ ခရီးလှည့်လည်ဖို့ရော အစီအစဉ် ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။