Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်တောင်ပိုင်းကို အင်အားပြင်းတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်၊ လူ ၃ ဦးသေဆုံး

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ကြောင့် ဂျပန်တောင်ပိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရှန်ရှန်ဟာ ကာဂိုရှီးမား ဒေသမှာရှိတဲ့ ဆတ်ဆူမာဆန်ဒိုင် မြို့ကို ဖြတ်သန်းပြီး ဩဂုတ် ၂၈ ရက် သန်းခေါင်ကျော်၊ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းမှာ စတင်ကုန်းတွင်းဝင်ရောက် ဖြတ်သန်းခဲ့ပါတယ်။ မုန်တိုင်းဟာ တစ်နာရီ ၂၅၂ ကီလိုမီတာ လေတိုက်နှုန်းထိ ပြင်းထန်ခဲ့တယ်လို့လည်း မိုးလေဝသ ဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်း မဝင်ရောက်မီ ကတည်းက မုန်တိုင်း ဖြတ်သန်းနိုင်ခြေ လမ်းကြောင်းတွေမှာ ရှိနေတဲ့ မြို့ရွာတွေက လူပေါင်း ၈ သိန်းလောက်ကို ဘေးလွတ်ရာ နေရာတွေဆီ ယာယီ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်း ဖြတ်သန်းဝင်ရောက်တဲ့ ကျူရှူးကျွန်းမှာ လူဦးရေ ၁၂.၅ သန်းလောက်ထိ နေထိုင်ပါတယ်။ မုန်တိုင်းကြောင့် ဆတ်ဆူမာဆန်ဒိုင်နဲ့ အနီးတဝိုက် ဧရိယာတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးတာ၊ မြေပြိုတာနဲ့ နောက်ဆက်တွဲ အကြီးအကျယ် ထိခိုက်မှု သတင်းတွေ ကြားသိထားရပါတယ်။

ဂျပန် အလယ်ပိုင်းက အိုင်ချီဒေသမှာတော့ မိသားစု တစ်စုတည်းက အသက် ၇၀ ကျော်အရွယ် ဇနီးမောင်နှံ၊ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးဟာ ရေစီးနဲ့အတူ နေအိမ် မျောပါသွားရာက အသက်ဆုံးရှုံးခဲ့ကြပါတယ်။ အိမ်ထဲမှာ သူတို့နဲ့အတူ ရှိနေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦးကိုတော့ ညအမှောင်ထဲမှာ နာရီပေါင်း အတော်ကြာ လိုက်ရှာပြီးတဲ့နောက် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသ ဌာနက လာမယ့် ၂၄ နာရီအတွင်း ကျူရှူးကျွန်းရဲ့ တချို့သော နေရာတွေမှာ မိုးရေချိန် ၆၀၀ မီလီမီတာလောက်ထိ ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ဓာတ်တိုင်တွေကျိုး၊ ဓာတ်ကြိုးတွေ ပြတ်ကုန်တာကြောင့် အိမ်ခြေ ၂၅၀၀၀ ကျော်လောက်လည်း လျှပ်စစ်မီး ပြတ်တောက်ကုန်ပါတယ်။

ဂျပန်ရဲ့ အထင်ကရ မော်တော်ယာဉ် လုပ်ငန်းစုကြီး Toyotaဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံတွေကို ဩဂုတ် ၂၉ ရက် မနက်ပိုင်းထိ ဆက်လက် ပိတ်ထားဆဲလို့ ကြေညာပါတယ်။ ရာနဲ့ချီတဲ့ လေယာဉ် ခရီးစဉ်တွေနဲ့ ကျည်ဆန်ရထား ခရီးစဉ်တွေကိုလည်း မုန်တိုင်းအန္တရာယ်ကြောင့် ဖျက်သိမ်းထားရပါတယ်။

အခုလဆန်းပိုင်းတုန်းက တိုင်ဖွန်းမုန်တိုင်း အမ်ပီလ်ဟာလည်း ဂျပန်ကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု နည်းခဲ့ပေမယ့် ရာနဲ့ချီတဲ့ လေယာဉ်နဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါသေးတယ်။ အဲဒီ မတိုင်ခင်ကလည်း ဂျပန် မြောက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း မာရီယာက ဟွန်ရှူးကျွန်းကို ဝင်ရောက် တိုက်ခတ်ပြီး စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံနဲ့ ဆက်စပ်တည်ရှိရာ ပစိဖိတ် သမုဒ္ဒရာထဲမှာ တိုင်ဖွန်းမုန်တိုင်းတွေဟာ ကမ်းရိုးတန်းနဲ့ ပိုမို နီးနီးကပ်ကပ် ဖြစ်ပေါ်တတ်ကြပြီး ကုန်းတွင်းဝင်ရောက်ပြီးတဲ့ အခါမှာတောင် သက်တမ်းကြာကြာ ဆက်ရှိနေတတ်တယ်လို့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။