Connect with us

Hi, what are you looking for?

LuduNwayOo

News

ချက်နိုင်ငံ ဝန်ကြီးချုပ်က ​ဒေါ်​အောင်ဆန်းစုကြည်​အတွက် မွေး​နေ့ဆု​​တောင်းသဝဏ်လွှာပို့

ချက်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာအွန်ဒရေ ဘာဘစ်ရှ်က မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အတွက် မွေးနေ့ဆုတောင်း သဝဏ်လွှာပေးပို့လိုက်သည်


ချက်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာအွန်ဒရေ ဘာဘစ်ရှ်က မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အတွက် မွေးနေ့ဆုတောင်း သဝဏ်လွှာပေးပို့လိုက်သည်။

အဆိုပါ မွေးနေ့ ဆုတောင်း သဝဏ်လွှာတွင် ချက် ဝန်ကြီးချုပ် မစ္စတာ အွန်ဒရေ ဘာဘစ်ရှ်က ယခုကဲ့သို့ မွေးနေ့ အခါသမယတွင် နွေးထွေးစွာဖြင့် ဂုဏ်ပြုမေတ္တာပေးပို့ကြောင်း၊ အထူးသဖြင့် လတ်တလော ကံအကြောင်းမလှသည့် မြန်မာနိုင်ငံ၏ အခြေအနေတွင် ကျရောက်သည့် မွေးနေ့ဖြစ်သဖြင့် ယခု ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အားလုံးကို အခိုင်အမာ မယိုင်မလဲကြံ့ကြံ့ခံအံတုရင်း များစွာသော သတ္တိများရှိသည်နှင့် အညီ ကံကောင်းခြင်းများ၊ ခွန်အားများနှင့် ကျန်းမာပါစေကြောင်း မိမိအနေဖြင့် အကောင်းဆုံး ဆုတောင်းပေးလိုသည်ဟု ဖော်ပြထားသည်။

နေအိမ်အကျယ်ချုပ်ကျ​နေရာမှလည်း တရားမျှတမှု ရှိရှိ မကြာခင်လွတ်မြောက်စေရန်ကျွန်​တော်အနေနဲအခိုင်အမာ အားပေးထောက်ခံမှုအပြည့်၊ ယုံကြည်မှုရှိကြောင်း၊ ၂၀၁၉ ခုနှစ်က ချက် နိုင်ငံသို့လာရောက်ခဲ့သော တရားဝင် အလည်အပတ်ခရီးစဉ်အတွင်း ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့မှုကိုလည်း ရင်ထဲ စွဲစွဲထင်ထဲ အမှတ်ရနေကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အနီးကပ် များစွာအာရုံစူးစိုက်ကာ လိုအပ်သည်များကို လုပ်ဆောင်လျှက် ရှိကြောင်၊ ကျွန်ုပ်တို့ အနေဖြင့် မြန်မာပြည်သူများ
နှင့်အတူ ရပ်တည်ကြောင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ထွန်းကားသည့် နိုင်ငံအဖြစ် အားပေးထောက်ခံလျှက် ရှိကြောင်း၊ မကြာခင် ပြန်လည် လွတ်မြောက်ပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ယခင်အခြေအနေအတိုင်း ပြန်လည် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်းနဲ့ တကွ ကျန်းမာစေကြောင်း ဆုတောင်းလွှာတွင် ဖော်ပြထားသည်။