Connect with us

Hi, what are you looking for?

News

အင်အား ၅၀ခန့်ပါသည့် စစ်​ကောင်စီကားသုံးစီးအားတိုက်ခိုက်ရာ ကိုးဦး​သေဆုံးပြီးအများအပြားဒဏ်ရာရဟု က​လေး PDF ထုတ်ပြန်

ဂန့်​ဂေါမှ က​​လေးမြို့သို့​မောင်းနှင်လာ​သော စစ်​ကောင်စီတပ်၏ အင်အား ၅၀ခန့်ပါရှိသည့် ကားသုံးစီးအား တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သားအမည်းဆုံး ကိုးဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့​ကြောင်း People’s Defence Force (Kalay)က သတင်းထုတ်ပြန်သည်။

“ ယနေ့ ဇွန်လ ၂၇ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့မောင်းနှင်လာသော ကားအစီးရေ ၃ စီးပါသော ခန့်မှန်းအင်အား ၅၀ခန့်ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အဖွဲ့ဝင် အနည်းဆုံး ကိုးဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထို့အပြင် “ ယမန်နေ့ ဇွန်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ကားအစီးရေ ၂၀ကျော် ပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား PDF (Kalay) တပ်ဖွဲ့ဝင်များက နတ်ချောင်း – ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား၏ တောင်ဘက်အနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အတိအကျမသိရပါ” ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်​ကြောင်းမှာရှေ့တိုးလိုက်၊လန်ကျလိုက် ဖြစ်နေတယ်လို့ အဲဒီဒေသက PDFတပ်ရင်းမှူးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအနေနဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် တော်လန်ရေးလမ်းခရီးမှာ စိန်ခေါ်မှုတွေကိုသတ္တိရှိစွာ ရင်ဆိုင်နိုင်ဖို့ ၊စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူ့အကျိုးကို ရှေ့တန်းတင် ဆောင်ရွက်နိုင်ဖို့ အခိုင်အမာ ယုံကြည်မျှော်လင့်ကြောင်း PDF ကောလင်းခရိုင် ကွပ်ကဲရေးမှူးက ပြောကြားပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တောင်ညိုရဲကင်းစခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းမှစစ်သားသုံးဦးအရှင်ဖမ်းမိပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ Young Revolution Front (YRF)က တာဝန်ရှိသူ ကိုလွင်မိုးသန့်က လူထုနွေဦးကို ပြောပါတယ်။