Connect with us

Hi, what are you looking for?

News

အင်အား ၅၀ခန့်ပါသည့် စစ်​ကောင်စီကားသုံးစီးအားတိုက်ခိုက်ရာ ကိုးဦး​သေဆုံးပြီးအများအပြားဒဏ်ရာရဟု က​လေး PDF ထုတ်ပြန်

ဂန့်​ဂေါမှ က​​လေးမြို့သို့​မောင်းနှင်လာ​သော စစ်​ကောင်စီတပ်၏ အင်အား ၅၀ခန့်ပါရှိသည့် ကားသုံးစီးအား တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သားအမည်းဆုံး ကိုးဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့​ကြောင်း People’s Defence Force (Kalay)က သတင်းထုတ်ပြန်သည်။

“ယနေ့ ဇွန်လ ၂၇ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့မောင်းနှင်လာသော ကားအစီးရေ ၃ စီးပါသော ခန့်မှန်းအင်အား ၅၀ခန့်ပါရှိသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အဖွဲ့ဝင် အနည်းဆုံး ကိုးဦး သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရခဲ့ပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ထို့အပြင် “ယမန်နေ့ ဇွန်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဂန့်ဂေါဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ကားအစီးရေ ၂၀ကျော် ပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းအား PDF (Kalay) တပ်ဖွဲ့ဝင်များက နတ်ချောင်း – ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား၏ တောင်ဘက်အနီးဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်သော်လည်း အတိအကျမသိရပါ” ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook