Connect with us

Hi, what are you looking for?

News

မြန်မြန်​သေပါ​စေ ဆု​တောင်းပြီး နာ​ရေးလုပ်ဆန္ဒပြကြ​သော အာဏာသိမ်း​ခေါင်း​ဆောင်​​မွေး​နေ့

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်၏ ၆၅ နှစ်ပြည့်မွေးနေ့ဖြစ်သည့်ဇူလိုင်လ ၃ ရက်နေ့တွင် နိုင်ငံတစ်ဝန်းတွင် စစ်​ခေါင်း​ဆောင်အမြန်​သေပါ​စေ​ကြောင်းဆု​တောင်းကြသလို ၊နာ​ရေးအခမ်းအနားပုံစံများ ပြုလုပ်ကာ ဆုတောင်းခဲ့ကြသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် နေရာဒေသအသီးသီးတွင် စစ်ခေါင်းဆောင်၏ ရုပ်ပုံများအား မီးရှို့ခြင်း၊ အခေါင်းပုံစံများပြုလုပ်ကာ နာရေးချခြင်း၊ နာရေးတွင်ဝေလေ့ရှိသည့် နာရေးယပ်တောင်များ ပြုလုပ်ခြင်း၊ အရှိသည့် သရုပ်ပြဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

“​မွေး​နေ့မှစ၍ မြန်မြန်​သေပါ​စေ​ကြောင်း ပြည်သူများက ဆုမွန်​ကောင်း​တောင်းပါသည်” ဟု စာတမ်းဖြင့် ရန်ကုန်မှပြည်သူများကလည်း ​အာဏာသိမ်း​ခေါင်း​ဆောင်အတွက်ဆု​တောင်း​ကြသည်။

မန္တလေး နန်းမြို့ကျုံးနံဘေးတွင် စစ်ခေါင်းဆောင်နာရေးအဖြစ် လွမ်းသူ့ပန်းခွေများ ချခဲ့ကြသည်။ သပိတ်စစ်ကြောင်းများတွင်လည်း ကွန်ဒုံးများအား လေမှုတ်သွင်းကာ အာဏာသိမ်းစစ်ခေါင်းဆောင်ပုံများအားကပ်ပြီး ဆန္ဒပြခဲ့ကြသည်။

ညောင်ဦးမြို့ ကျေးရွာတရွာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ​မွေး​နေ့ အသုဘ သဂြိုလ်သပိတ် အာဏာသိမ်းစစ်ခေါင်းဆောင်၏ မွေးနေ့ အသုဘ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းပြုလုပ်ပြီး မင်း​အောင်လှိုင် လွမ်းသူပန်းခွေဗိုလ်ချုပ်စိုးဝင်း မိသားစု လွမ်းသူပန်းခွေဗိုလ်ချုပ် မြထွန်းဦး လွမ်းသူပန်းခွေတို့ ပြုလုပ် ဆန္ဒပြကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်​အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိ​ကြောင်းသက်​သေပြဖို့ ​၊မြစ်ဆုံစီမံကိန်းချက်ချင်းရပ်ရန် ဆန္ဒထုတ်​ဖော်

သတင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)အရာရှိနဲ့ သားအဖသုံးဦး ရိုက်သတ်ခဲ့တဲ့ စစ်ကောင်စီ ရဲနှစ်ဦးကို ယ​နေ့(မတ်လ ၁၂ရက်)မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။

နိုင်ငံတကာ

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ သေဆုံးမှု အရေအတွက်ဟာ ၅၀၀၀ ကျော်ထိ များပြားခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။