Connect with us

Hi, what are you looking for?

News

PDF တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အပတ်စဉ် (၅)စစ်သင်တန်းဆင်းပွဲပြုလုပ်

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စစ်သင်တန်း အပတ်စဉ် (၅) ကို
အောင်မြင်စွာပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန် က သ၀ဏ်လွှာပေးပို့ခဲ့ဟု အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သင်တန်းဆင်းပွဲကို မည်သည့်နေရာ မည်သည့်နေ့ရက်တွင် ပြုလုပ်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီး၏ သဝဏ်လွှာတွင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီ ကျင့်သုံးလာရကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံအနှံ့ ပေါ်ပေါက်နေသော လူငယ်အစုအဖွဲ့များ၏ ခုခံစစ် လှုပ်ရှာမှုများကို စနစ်တကျ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေး တပ်မတော်” (PDF) ကို ထူထောင်လျက်ရှိကြောင်း ဝန်ကြီး၏ သဝဏ်လွှာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ၏ ရှေ့ပြေး အမြုအတေ အဖြစ် ထူထောင်ခြင်း လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား ပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အားလုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကို လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲ ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook