Connect with us

Hi, what are you looking for?

LuduNwayOo

News

PDF တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အပတ်စဉ် (၅)စစ်သင်တန်းဆင်းပွဲပြုလုပ်

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်စစ်သင်တန်း အပတ်စဉ် (၅) ကို
အောင်မြင်စွာပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန် က သ၀ဏ်လွှာပေးပို့ခဲ့ဟု အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်သင်တန်းဆင်းပွဲကို မည်သည့်နေရာ မည်သည့်နေ့ရက်တွင် ပြုလုပ်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီး၏ သဝဏ်လွှာတွင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

စစ်တိုင်းဖွဲ့စည်းပေါ်ပေါက်ရေး ကော်မတီဝင်များ၊ သင်တန်းဆင်းတပ်မတော်သားများ အားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိသည် ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

တရားမဝင် အာဏာသိမ်း စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ညှင်းပန်း နှိပ်စက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူများသည် “မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်” ကို ဥပဒေနှင့်အညီ ကျင့်သုံးလာရကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရသည် မိမိပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တရားဝင် ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ နိုင်ငံအနှံ့ ပေါ်ပေါက်နေသော လူငယ်အစုအဖွဲ့များ၏ ခုခံစစ် လှုပ်ရှာမှုများကို စနစ်တကျ တစ်စုတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်၍ “ပြည်သူ့ကာကွယ်ရေး တပ်မတော်” (PDF) ကို ထူထောင်လျက်ရှိကြောင်း ဝန်ကြီး၏ သဝဏ်လွှာတွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်အား “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ၏ ရှေ့ပြေး အမြုအတေ အဖြစ် ထူထောင်ခြင်း လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသား ပြည်သူအားလုံး၏ နိုင်ငံရေးဆိုင်ရာမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ဖျက်လျက် အနာဂတ်နိုင်ငံတော်ကို စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အားလုံးအနေဖြင့် စစ်ကျွန်ဘဝမှ မြန်မာပြည်သူတစ်ရပ်လုံးကို လွတ်မြောက်စေလျက် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုကို တည်ဆောက်နိုင်သည်အထိ ညီနောင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် အတူလက်တွဲ ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။