မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး နေ့စဥ်မပျက်ဆန္ဒပြကန့်ကွက်နေသော သံဃသမဂ္ဂသပိတ် စစ်ကြောင်းသည် ယနေ့ မွန်းလွှဲပိုင်း ဆက်လက်ချီတက်ဆန္ဒပြခဲ့သည်။
အဆိုပါ သံဃသမဂ္ဂသပိတ်စစ်ကြောင်းသည် ယနေ့ (၁၆၄) ရက်မြောက် အဖြစ်ချီတက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၇၂ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူ များက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၆၉ ရက်ရှိပြီဖြစ်သည်။