မန္တလေးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ စုပေါင်းထားသည့် မဟာတပ်ပေါင်းစုသပိတ်စစ်ကြောင်းသည်ယနေ့နံနက်ပိုင်းတွင်စုပေါင်းချီတက်ဆန္ဒပြခဲ့ကြသည်။
မန္တလေးမြို့တွင် သပိတ်စစ်ကြောင်းများကို အာဏာ သိမ်းစစ်အစိုးရတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ဖြိုးနေရာ ယမန်နေ့ကလည်း မြတောင်ကျောင်းတိုက်သို့ ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတော်နှစ်ပါးနှင့် ဘုန်းကြီးကျောင်းသား တစ်ဦးဖမ်းဆီးခံခဲ့ရသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၀ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၇ ရက်ရှိပြီဖြစ်သည်။