Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖိရင်ကြွမယ်၊ထိရင်ချမယ်ဆိုတဲ့ မြ​တောင်သပိတ်စစ်ကြောင်း

လောက်​ကြောက်​နေရတာလဲ ???’ စာသားပါဆိုင်းဘုတ်များကိုင်​ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မန္တ​လေးမြို့တွင် သပိတ်စစ်​ကြောင်းများကို အာဏာ သိမ်းစစ်​ကောင်စီတပ်များက အင်အားသုံးပစ်ခတ်ဖြိုခွင်း​နေ​သော်လည်း မြ​တောင်သပိတ်စစ်​ကြောင်းမှာ ယ​နေ့နံနက်တွင် အင်အားအများအပြားဖြင့် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

‘မြ​တောင်ဆိုတာ ဘယ်လိုမျိုးလဲ ဖိရင်ကြွမယ်၊ ထိရင်ချမယ်’ ၊မင်းတို့က မြ​တောင်ကိုဘယ်​လောက်​ကြောက်​နေရတာလဲ ???’ စာသားပါဆိုင်းဘုတ်များကိုင်​ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယမန်​နေ့က မန္တလေးမြို့တွင် မြတောင်၊ဘုရားကြီးနှင့် မန္တလေးလူငယ်သပိတ်စစ်ကြောင်းများမှ လူငယ်များ စုစည်း နေထိုင်နေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်ဖမ်းဆီးရာ လူငယ် ၁၁ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

ဇူလိုင်၃၁ရက် နံနက်အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ သပိတ်စစ်ကြောင်း အဖွဲ့ဝင်များ စုစည်းနေထိုင်ရာနေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်း၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါပစ်ခတ်ဖမ်းဆီးမှုတွင် ကျည်ထိဒဏ်ရာရရှိသည့် လူငယ်တစ်ဦးအပါအဝင်၁၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကနဦးသိရပြီး အဆိုပါလူငယ်များမှာ မြတောင်၊ ဘုရားကြီး နှင့်မန္တလေးလူငယ်သပိတ် စစ်ကြောင်းများမှ လူငယ်များဖြစ်ကြောင်း အေအေပီပီက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန္ဒထုတ် ဖော်နေသည့် မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း လူစုခွဲ၍ အိမ်ပြန်ချိန်တွင် လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်တချို့မှ အိမ်စီးကားဖြင့် တိုက်၍ ဖမ်းဆီးခဲ့ရာ အသက် ၁၇ နှစ် အရွယ်မောင်ဇင်မျိုးခန့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အေအေပီပီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာစစ်တပ် တင်သွင်းခဲ့တဲ့ထဲမှာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေကစလို့ ရေတပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးနဲ့ တခြား စက်အစိတ်အပိုင်းတွေထိ ပါဝင်ကြောင်းလည်း သိရပါတယ်။

သတင်း

စစ်ကောင်စီအောက်ခြေ စစ်သားများအနေဖြင့် ရွာစဥ်ပတ်မီးရှို့၊သတ်ဖြတ် မုဒိမ်းကျင့်မှုများသည် အထက်မှ ခွင့်ပြုစေခိုင်းခြင်းတို့ကြောင့် လုပ်ဆောင်ရခြင်းဟုလည်း ၎င်းက ဆိုသည်။

News

မန္တလေးမြို့ရှိ မြို့ပြ​ပြောက်ကျားအဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူများသာ၎င်းတို့ဘက်တွင်ရှိပါက စစ်ကောင်စီကို ဂရုစိုက်စရာမလိုကြောင်း အနက်ရောင်သေမင်း အဖွဲ့မှ ဗိုလ်နောင်လေးက ပြောသည်။