Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီမြို့နယ် ပါဟဲရွာတွင် ​တောင်ကျ​ချောင်း​ရေ​ကြောင့်အိမ်​ထောင်စုအချို့ ​​ရွှေ့ပြောင်းရ

ထို့အပြင် ကနီမြို့နယ်တွင်း ကုန်းတွင်းပိုင်းဒေသကျေးရွာ အုပ်စု (၂၅)စုမှ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများပြတ်လပ်လျက် ရှိကြောင်းသိရသည်။

ဓါတ်ပုံ-Pan Pan

စစ်ကိုင်းတိုင်း ကနီမြို့နယ် ခုံကြီးအုပ်စု ပါဟဲရွာတွင် တောင်ကျချောင်းရေကြောင့် အိမ်ထောင်စုများအရေးပေါ်ရွှေ့ပြောင်းထားရကြောင်း ဒေသခံများက ပြောသည်။

​သြဂုတ်လ ၆ ရက်ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာအနီးက မဟူတောင်ချောင်းရေ ကမ်းလုံးပြည့်ကျဆင်းလာခဲ့ပြီး ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ်းပါးဘေးနေ လူနေအိမ်(၈)လုံးမှ အိမ်ထောင်စု (၁၀) စုကို အရေးပေါ်ရွှေ့ပြောင်းထားရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာအုပ်စုသည် ကုန်းတွင်းပိုင်းဒေသတစ်ခုဖြစ်ပြီး စစ်ဘေးကြောင့် ကုန်ကားများ မထွက်ရသည်မှာ တစ်လ ခန့်ရှိပြီဖြစ်သဖြင့် စားနပ်ရိက္ခာ ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်လျက်ရှိကာ ကျေးရွာနေ ပြည်သူအများစုမှာ ဖျားနာလျက်ရှိကြောင်း
သိရှိရသည်။

ထို့အပြင် ကနီမြို့နယ်တွင်း ကုန်းတွင်းပိုင်းဒေသကျေးရွာ အုပ်စု (၂၅)စုမှ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများပြတ်လပ်လျက် ရှိကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဲကြာချိန် မိနစ် ၂၀ ခန့်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောက်ကျားဗျူဟာစနစ်ဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုသည်။

News

မတ်လ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် မင်းကင်းမြို့နယ်၊တောင်တွင်းချောင်ဒေသ၊ ကျော်ရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KLG PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုရှိခဲ့ထားသည်။

News

"လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းမှာတင် တစ်လအတွင်း ကနီမြို့နယ်တွင်း ပြည်သူလူထုသေဆုံးခဲ့တာ အယောက်၅၀ ရှိပါတယ်။ ဒီထက်လည်း ပိုပြီး ရှိနိုင်ပါသေးတယ်။ တော်ကြာမေ့သွားပြီး အများကြီး မသေဘူး ထင်နေမှာစိုးလို့ စာရင်းပြုစုပြတာပါ။"