Connect with us

Hi, what are you looking for?

News

PDFနှင့် တိုင်းရင်းသားတပ်တို့ တိုက်ခိုက်၍ အောက်တိုဘာ၁ရက်တွင် စစ်ကောင်စီလက်ပါးစေများ သေဆုံးမှုများ

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် ကသာ PDF တို့ ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(​ယမန်​နေ့က နေပြည်​တော်ရှိ ကက(ဝယ်) ညွှန်မှူးရုံးဗုံးခွဲတိုက်ခိုက်ခံရပြီး​နောက် ​တွေ့ရစဥ်)

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ရက်တွင် စစ်ကိုင်းနှင့် မကွေးတိုင်းအပါအဝင် ဒေသအသီးသီးရှိ မြို့နယ်များ၌ စစ်ကောင်စီတပ် လက်ပါးစေများ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) နှင့် ကသာ PDF တို့ ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက် နေ့လည် ၁နာရီခွဲခန့်က ကသာမြို့မှ အင်းတော်မြို့သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ကို ကသာမြို့နယ် ပင်းမလွတ်ရွာအကျော်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ခေါင်းကွဲကျေးရွာနှင့် ဆယ်ရွာ ကျေးရွာကြားတွင်လည်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး DBV သတင်းဌာန၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဂန့်ဂေါဘက်မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း ဂန့်ဂေါ- ကလေးလမ်းပိုင်း တစ်နေရာတွင် အောက်တိုဘာ ၁ရက် မနက် ၁၀နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်ဏီတပ်ဖွဲ့ဝင် ၃၀ဦးခန့်သေဆုံးခဲ့သည်ဟု ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်ဦး(CNF) နှင့် အနီးဝန်းကျင်ရှိ ပြည်သူ့ဘက်တော်သား အင်အားစုများနှင့်အတူ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဂန့်ဂေါ PDFက ဆိုသည်။

မကွေးတိုင်း ဆောမြို့နယ် ဆော-ကျောက်ထုလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ​လေးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း YDFက ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၂၉ရက်ကလည်း ယင်းလမ်းပိုင်း၌ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် ယောဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း ရေစကြို မြို့အဝင်တွင်လည်း စစ်ကောင်စီနောက်လိုက်များကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ တပ်ကြပ် ကြီးတစ်ဦး သေဆုံးပြီး စစ်သားနှစ်ဦး၊ ရဲနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရေစကြို PDFက ထုတ်ပြန်သည်။

ကျွန်းလှမြို့တို့တွင် အောက်တိုဘာ ၁ရက်က ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီး ဗိုလ်မှူးတစ်ဦးနှင့် ပြည်သူတစ်ဦး သေဆုံးသကဲ့သို့ မုံရွာမြို့ရှိ စစ်ဆေးရေးဂိတ်တွင်လည်း အောက်တိုဘာ ၁ရက်က တိုက်ခိုက်ခံရ၍ ရဲနှစ်ဦးသေဆုံးခဲ့သည်။

ထို့အပြင် ခရမ်းမြို့နယ် ရိုးကြီးကျေးရွာတွင်လည်း အောက်တိုဘာ ၁ရက်က စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦး ပစ်ခတ်ခံရ၍ ဒုရဲအုပ်သေဆုံးပြီး တပ်သားမှ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ညောင်ဦး၊ရေစကြိုနှင့် မတ္တရာ၊ မြန်အောင် မြို့နယ်တို့မှ စစ်ကောင်စီသတင်းပေးအချို့လည်း အောက်တိုဘာ ၁ရက်က တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။