Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ၏​ထောက်ပို့ယာဥ်နှစ်စီးကို PDFများ နှစ်​နေရာတွင်တိုက်ခိုက်

ဝါးတန်းရွာအနီးတွင် ကားတစ်စီးကျန်ရစ်ခဲ့ပြီးနောက် ဆက်လက်ထွက်ခွါလာသော စစ်ကောင်စီ၏ ကျန်ရှိသောထောက်ပို့ကားတစ်စီးကို နံနက်(၇) နာရီတွင် မန်းကျည်းသုံးပင်ကွေ့တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ရှိ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်နှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

(ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်ခဲ့​သောစစ်​ကောင်စီတပ် ဆန္ဒပြပွဲတစ်ခုကို​စောင့်ကြည့်​နေစဥ် )

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်နှစ်စီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့တို့ပူးပေါင်းကာ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ayadaw bone naing pdf အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ( ဇန်နဝါရီ ၄ရက်) နံနက်(၆)နာရီ အချိန်က မုံရွာ-အရာတော် လမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်၏ထောက်ပို့ကား နှစ်စီးအနက်မှ ဒုတိယမြောက်ယာဉ်အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ယာဉ်တစ်စီး ဘေးတစ်ခြမ်းထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ တပ်သားများဒဏ်ရာ အများအပြား ရရှိနိုင်ကြောင်း၊ ၎င်းကားမှာ ဝါတန်းရွာအနီးတွင် ရပ်တန့်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝါးတန်းရွာအနီးတွင် ကားတစ်စီးကျန်ရစ်ခဲ့ပြီးနောက် ဆက်လက်ထွက်ခွါလာသော စစ်ကောင်စီ၏ ကျန်ရှိသောထောက်ပို့ကားတစ်စီးကို နံနက်(၇) နာရီတွင် မန်းကျည်းသုံးပင်ကွေ့တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပေါ်ရှိ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်နှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ဆင်ရေးကို Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Bone Naing(A.B.N.PDF)၊ သပြေညို ပျောက်ကြားတပ်ဖွဲ့၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တို့မှဦးဆောင်၍ Ayardaw Falcon Force(AF2)၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)၊တမန်တော်ပြောက်ကျားတပ်ဖွဲ့(APOSTLE)အစရှိသည့် ညီနောင် (၈) ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ