Connect with us

Hi, what are you looking for?

News

KIO အုပ်ချုပ်ဒေသအတွင်း ရွှေတူးဖော်မှု မလုပ်ရန် အမိန့်ထုတ်

KIO အုပ်ချုပ်ဒေသအတွင်း ရွှေတူးဖော်ခြင်းများကို ဒီဇင်ဘာ ၂၇ရက်က စ၍ လုံး၀ပိတ်ပင်ကြောင်း KIO ၏ အုပ်ချုပ်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)က အမိန့်စာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေးဒေသအတွင်း ရွှေတူးဖော်ခြင်း လုံး၀ပိတ်ပင်လိုက်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmeseဆက ယမန်နေ့တွင် သတင်းဖော်ပြသည်။

KIO အုပ်ချုပ်ဒေသအတွင်း ရွှေတူးဖော်ခြင်းများကို ဒီဇင်ဘာ ၂၇ရက်က စ၍ လုံး၀ပိတ်ပင်ကြောင်း KIO ၏ အုပ်ချုပ်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC)က အမိန့်စာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် စစ်ဘေးရှောင်ပြည်သူများ၏ နယ်မြေများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသည်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်ဒေသ၊ နေအိမ်ခြံ၀န်းများ နှင့်စိုက်ပျိုးမြေများကို သွားရောက်ကြည့်ရှူ့စောက်ရှောက်ခြင်း မပြုလုပ်နိုင်ခြင်းကိုအခွင့်ကောင်းယူပြီးရွှေတူးဖော်နေခြင်းများ အားလုံးကိုအရေးယူ ဆောင်ရွက်သွားမည်ဟုလည်း KIC၏ အမိန့်စာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အမိန့်စာပါအချက်များကိုလိုက်နာခြင်းမရှိပါက မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း၊ အမိန့်ကိုပြင်ဆင်ပြောင်းလဲခြင်း၊ ရုပ်သိမ်းခြင်းမရှိသရွေ့ အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ရှောင်ကျေးရွာတစ်ခုဖြစ်သည့် နန်ဆန်ယန်ဒေသ၌ ရွှေများကို စည်းကမ်းပျက် ထုတ်ယူလျက်ရှိကြောင်း နန်ဆန်ယန်ဒေသခံတစ်ဦးက ပြောသည်။ထို့ပြင် မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံဒေသ၌လည်း စက်ယန္တရားများအသုံးပြုပြီး ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများက ကန့်ကွက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။