Connect with us

Hi, what are you looking for?

News

အောင်လံတွင် ယာဥ်တိမ်း​မှောက်၍ နှစ်ဦး​သေ၊ ​လေးဦးဒဏ်ရာရ

ယင်းကားပေါ်တွင် အမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံး ဦးလိုက်ပါလာခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူလေးဦးကို အေးငြိမ်းရာ ပရဟိတအသင်းက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မ​ကွေးတိုင်း အောင်လံမြို့တွင် ယမန်နေ့(ဇန်နဝါရီ ၁၁ ရက်)ညက ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ည ၁၁ နာရီအချိန်ခန့်တွင် အောင်လံမြို့ တရော်ကုန်းရပ်ကွက် ပြည်လမ်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီးကားပေါ် လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ယင်းကားပေါ်တွင် အမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံး ဦးလိုက်ပါလာခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူလေးဦးကို အေးငြိမ်းရာ ပရဟိတအသင်းက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

News

နိုဝင်ဘာလ ၁၉ ရက်နေ့ညပိုင်းက ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး ကျဆုံးသူမှာ အသက် ၁၈ နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သော သဲမိုး(ခ) ကိုမင်းခန့်သစ္စာဖြစ်ကြောင်း ဒေသခံများက ပြောသည်။