Connect with us

Hi, what are you looking for?

News

PDF ကိုထောက်ပံ့တယ်ဆိုကာ ထားဝယ်မြို့ခံ အမျိုးသမီး ၃ ဦးကို ထောင် ၉ နှစ်စီချ

ထားဝယ်ထောင်တွင်းတရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က အမိန့်ချတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လာပါတယ်။

Photo - Dawei Political Prisoners Network / FB

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF ) ကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထားဝယ် က အမျိုးသမီး ၃ ဦးကို ဖမ်းဆီးပြီး ၅ လကျော်အကြာမှာ စစ်ကောင်စီဟာ ထောင်ဒဏ် ၉ နှစ်စီချလိုက်တယ်လို့သိရပါတယ်။

Photo – Dawei Political Prisoners Network / FB

ထားဝယ်ထောင်တွင်းတရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က အမိန့်ချတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လာပါတယ်။

ထားဝယ်မြို့နယ် ကြက်စားပြင်ရက်ကွက် ၊ ဘုမ္မော်ရပ်ကွက်တွေမှာနေတဲ့ ဒေါ်အေးအေးခိုင် ၊ဒေါ်မြမြစိုးနဲ့ ဒေါ်မြမြလွင်တို့ကို ပြီးခဲ့တဲ့ သြဂုတ်လတွေအတွင်းက နေအိမ်တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

Photo – Dawei Political Prisoners Network / FB

အဲဒီနောက် PDF ကိုထောက်ပံ့တယ်ဆိုပြီး နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (ဂ) တို့နဲ့ တရားစွဲခဲ့တာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook