Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်ပက်လက်နှင့်ဆောမြို့ အကြားလမ်းများသို့ သွားလာခြင်းမပြုရန် CDF ထုတ်ပြန်

အကယ်၍ မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ် (CDF)သို့ ဆက်သွယ်ပြီးသွားလာကြရန် လည်း အသိပေးထားသည်။

လတ်တလော စစ်ရေးအခြေအနေများနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် ကန်ပက်လက် နှင့် ဆောမြို့ အကြားရှိ လမ်းမကြီး၊ လမ်းခွဲများနှင့် ကြားလမ်းများအား အသုံးပြု သွားလာခြင်းမပြုရန် ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ဖေဖော်ဝါရီ ၁၀ရက်ညပိုင်း၌ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ ဆောမြို့တွင်အင်အားတိုးချဲ့ထားပြီး ကျောက်ထုဘက်မှလည်း စစ်ကြောင်းထိုးလာနေကြောင်း၊ ကန်ပက်လက်မြို့တွင်း၌လည်း စကစမှ ကင်းပုံးများထားရှိကာ လုံခြုံရေးတင်ကြပ်ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

အကယ်၍ မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ် (CDF)သို့ ဆက်သွယ်ပြီးသွားလာကြရန် လည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။