Connect with us

Hi, what are you looking for?

News

ကန်ပက်လက်နှင့်ဆောမြို့ အကြားလမ်းများသို့ သွားလာခြင်းမပြုရန် CDF ထုတ်ပြန်

အကယ်၍ မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ် (CDF)သို့ ဆက်သွယ်ပြီးသွားလာကြရန် လည်း အသိပေးထားသည်။

လတ်တလော စစ်ရေးအခြေအနေများနှင့် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် ကန်ပက်လက် နှင့် ဆောမြို့ အကြားရှိ လမ်းမကြီး၊ လမ်းခွဲများနှင့် ကြားလမ်းများအား အသုံးပြု သွားလာခြင်းမပြုရန် ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ဖေဖော်ဝါရီ ၁၀ရက်ညပိုင်း၌ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ ဆောမြို့တွင်အင်အားတိုးချဲ့ထားပြီး ကျောက်ထုဘက်မှလည်း စစ်ကြောင်းထိုးလာနေကြောင်း၊ ကန်ပက်လက်မြို့တွင်း၌လည်း စကစမှ ကင်းပုံးများထားရှိကာ လုံခြုံရေးတင်ကြပ်ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

အကယ်၍ မဖြစ်မနေသွားလာရန်ရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ် (CDF)သို့ ဆက်သွယ်ပြီးသွားလာကြရန် လည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း ၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။