Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေ​ဈေး ၁၉ သိန်းအထက်ပြန်တက်လာ

ပြည်တွင်းအခေါက်ရွှေဈေးသည် ဖေဖော်ဝါရီ ၁ ရက်က တစ်ကျပ်သားလျှင် ၁,၈၇၀,၀၀၀ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)တွင် တစ်ကျပ်သားကို ၁,၉၀၈,၀၀၀ကျပ်အထိရှိလာပြီး ၁၅ ရက်အတွင်းကျပ် ၃၅၀၀၀ကျော် မြင့်တက်လာသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

(ပြည်တွင်းရှိ ​ရွှေဆိုင်တစ်ဆိုင်ခင်းကျင်း​နေမှု။ဓါတ်ပုံ- TN)

ကမ္ဘာ့စစ်ရေးတင်းမာလာမူကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၉သိန်း အထက်သို့ ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေးသည် ဖေဖော်ဝါရီ ၁ ရက်က တစ်ကျပ်သားလျှင် ၁,၈၇၀,၀၀၀ကျပ်ရှိရာမှ ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)တွင် တစ်ကျပ်သားကို ၁,၉၀၈,၀၀၀ကျပ်အထိရှိလာပြီး ၁၅ ရက်အတွင်းကျပ် ၃၅၀၀၀ကျော် မြင့်တက်လာသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ထိုသို့မြင့်တက်လာခြင်းမှ ရုရှား- ယူကရိန်းစစ်ရေးတင်းမာ​နေ​သဖြင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးလည်းလိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ပြည်တွင်းက ရွှေဈေးတက်ချင်နေတာ မတရားထိန်းချုပ်ထားလို မတတ်သေးတာ။ အခုကမ္ဘာဈေးတက်တော့ မထိန်းနိုင်တော့ဘူး လိုက်တတ်လာတာပဲ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ၁ ရက်က တစ်အောင်စကို ၁၇၈၇ ဒေါ်လာရှိရာမှ ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)တွင် တစ်အောင်စကို ၁၈၇၆ ဒေါ်လာရှိလာသည်။

စစ်တပ်အာဏာသိမ်းပြီး ၈လအကြာ စက်တင်ဘာလတွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားကို ၂,၂၂၀,၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ဖူးသည်။ စစ်ကောင်စီက ​ရွှေ​ဈေးကွက်ကို အဓမ္မထိန်းချုပ်မူကြောင့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈သိန်းအထိပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁,၃၂၀,၀၀သာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။