Connect with us

Hi, what are you looking for?

News

စင်းတလန်​ဒေသတွင် အုပ်ချုပ်​ရေးအဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့ခြင်းအပါအဝင် အချက်(၆)ချက်ကို မတူပီ CDF တားမြစ်

CDF- Matupi Battalion-2 ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ထိုကဲ့သို့ အထက်ပါအချက်များအပါ အဝင် အချက် ၆ချက်ကို မလုပ်ဆောင်ရန် ယနေ့ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ် မတူပီမြို့နယ် စင်းတလန်ဒေသတွင် အုပ်ချုပ်ရေးအဖွဲ့၊လက်နက်ကိုင်တပ် ဖွဲ့စည်းခြင်းနှင့် စခန်းချခြင်း မပြုလုပ်ရန် CDF- မတူပီ တပ်ရင်း-၂က သတင်းထုတ်ပြန်လိုက်သည်။

CDF- Matupi Battalion-2 ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ထိုကဲ့သို့ အထက်ပါအချက်များအပါ အဝင် အချက် ၆ချက်ကို မလုပ်ဆောင်ရန် ယနေ့ တားမြစ်လိုက်ခြင်း ဖြစ်သည်။

ထိုထဲတွင် ၂၀၂၂ မတ်လ ၁၂ရက်မှစ၍ Cingtlang (စင်းတလန်)နယ်မြေအတွင်း CDMပြုလုပ်မထားသည့် မည်သည့်အစိုးရ၀န်ထမ်းမှ သွားလာခြင်းမပြုရန်နှင့် အရက်သေ စာ၊မူးယစ်ဆေးဝါများ ရောင်း၀ယ်ဖောက်ကားခြင်း မပြုလုပ်ရန် CDF-Matupi Cingtland က တားမြစ်ထားသည်။

ထိုနောက် ငါးမိုင်းကွဲခြင်း၊အမဲလိုက်ခြင်းမပြုလုပ်ရန်၊ အရက်သေစာ၊မူးယစ်ဆေးဝါများ ရောင်း၀ယ်ဖောက်ကားခြင်း မပြုလုပ်ရဟုလည်း CDF-Matupi Cingtland က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CDF-Matupi Cingtlang Battalion -2 ခွင့်ပြုချက်မရှိဘဲ စင်းထလန် နယ်မြေအတွင်း အုပ်ချုပ်ရေးအဖွဲ့၊လက်နက်ကိုင်တပ် ဖွဲ့စည်းခြင်း၊စခန်းချခြင်း၊စစ်ဘေးရှောင်နေရသည့် ရပ်ရွာအတွင်း တပ်ရင်း၏ ခွင့်ပြုချက်မရှိပဲ တည်းခိုခွင့် ၊၀င်ထွက်သွားလာမှုများ မပြုလုပ်ရန်၊နှင့် စစ်ဘေးရှောင်များအနေဖြင့် မိမိတို့နေအိမ်များတွင် အိမ်မွေးတိရိစ္ဆာန်များ၊ကျွဲ၊နွားများ တပ်ရင်းထံ အကြောင်းမကြားပဲ ပြန်လည်အခြေချခြင်း ယူဆောင်သွားခြင်းများ ပြုလုပ်ရဟု ဆိုထားသည်။

ထိုသို့လုပ်ဆောင်ပါက လိုအပ်သလိုအရေးယူသွားမည်ဟုလည်း CDF-Matupi Cingtland က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။