Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့ အမှတ်(၁)ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ကင်းစောင့်ရဲနှစ်ဦး ထိခိုက်

အကြမ်းဖက်စစ်ကောင်စီသည် မြင်းခြံမြို့အား အင်တာနက်ဖြတ်တောက်ထားပြီး မြင်းခြံနယ်အတွင်းရှိပြည်သူများအား အဓမ္မဖမ်းဆီးစစ်ဆေးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများလည်း ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ်(၁)ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ကင်းစောင့်ရဲနှစ်ဦး ထိခိုက်နိုင်ကြောင်း MG 6 ပြောက်ကျားတပ်(မြင်းခြံ)က သတင်းထုတ်ပြန် သည်။

ယနေ့(ဧပြီ ၂၀ရက်) ည ၇နာရီခွဲအချိန်က မြင်းခြံမြို့ အမှတ်(၁) ရဲစခန်းအား MG 6 ပြောက်ကျားတပ်(မြင်းခြံ)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်းတို့က လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်ခဲ့ကြောင်း၊ ရဲစခန်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲသားနှစ်ဦး ထိမှန်ခဲ့ပြီး သေဆုံးထိခိုက်မှုအခြေအနေ အတိအကျမသိရသေးကြောင်း MG 6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MG 6 ပြောက်ကျားတပ်(မြင်းခြံ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထား​သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်ကောင်စီသည် မြင်းခြံမြို့အား အင်တာနက်ဖြတ်တောက်ထားပြီး မြင်းခြံနယ်အတွင်းရှိပြည်သူများအား အဓမ္မဖမ်းဆီးစစ်ဆေးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများလည်း ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ‌မြင်းခြံခရိုင်ဆေးရုံကြီး​၌ တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားတစ်ဦး ထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။