Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမာရွတ်ရဲစခန်းအား လက်ပစ်ဗုံးဖြင့် ​လေးကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်

ဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက်လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow က အသိပေးသည်။

ဓာတ်ပုံ - Nyan Lin Phyo/FB

▪️ရဲများက ရမ်းသမ်းပစ်ခတ်၍ အနီးရှိအမျိုးသားတစ်ဦး ကျည်ထိမှန်​သေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

▪️အပြစ်မဲ့ပြည်သူများ ​သေဆုံး၊ထိခိုက်မှုအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow ထုတ်ပြန်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများဖြင့် လေးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Dark Shadowက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၁ ရက်) နံနက် ၄ နာရီ ၅၅မိနစ်နှင့် ၅ နာရီ ၄ မိနစ် အချိန်တွင် ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ အပြစ်မဲ့ပြည်သူများအားမတရားဖမ်းဆီးသတ်ဖျက်သော ကမာရွတ်ရဲစခန်းအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Nyan Lin Phyo/FB

“လေးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များအား ထပ်မံတိိုက်ခိုက်ခဲ့ရာ အထိခိုက်အပျက်ဆီးများစွာရှိနိုင်သည် “ဟု Dark Shadow အဖွဲ့က ပြောသည်။

Public Service Announcement

ဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက်လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow က အသိပေးသည်။

ဓာတ်ပုံ – Nyan Lin Phyo/FB

“ပစ်ခံရပြီး ​သေသွားတဲ့ အမျိုးသားက ကျွန်မတို့ (၆)ရပ်ကွက်ထဲကပါ ကုန်စိမ်းသွားကြိုပီး ရပ်ကွက်ထဲ ပြန်အဝင်မှာ ပစ်ခံရတာပါ”ဟု ကမာရွတ်မြို့နယ်နေသူတစ်ဦက People’s Springသို့ ပြောသည်။

သေဆုံးသွားသည့် လူငယ်သည် ယင်းပေါက်ကွဲမှုဖြစ်သည့်အချိန် မီးပွိုင့်၌ ရပ်နေသည့် တက္ကစီပေါ်တွင်လိုက်ပါလာသူဖြစ်ကြောင်း ယင်းဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ – Nyan Lin Phyo/FB

” ရဲ​​တွေက မနက် ​စျေးသွား၊​စျေးလာ​တွေ ပစ်​နေတာ၊ မနက် ၇နာရီ​ကျော်​လောက်အထိ လမ်း​​ပေါ်က လူ​တွေပစ်​နေတုန်း”ဟု ကမာရွတ်မြို့နယ်​နေ ပြည်သူအမျိုးသမီးတစ်ဦးက ​ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နောက်ထပ်သေဆုံးသူ အမျိုးသားတစ်ဦးရှိသေးသည်ဟု ထွက်ပေါ်နေသော်လည်း သီးခြားအတည် ပြုချက်မရသေးပေ။

လက်ရှိတွင် ကမာရွတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ DCခြောက်စီးပါ ယာဥ်တန်းဖြင့် ကင်းလှည့်နေသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။