Connect with us

Hi, what are you looking for?

News

ကမာရွတ်ရဲစခန်းအား လက်ပစ်ဗုံးဖြင့် ​လေးကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်

ဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက်လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow က အသိပေးသည်။

ဓာတ်ပုံ - Nyan Lin Phyo/FB

▪️ရဲများက ရမ်းသမ်းပစ်ခတ်၍ အနီးရှိအမျိုးသားတစ်ဦး ကျည်ထိမှန်​သေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

▪️အပြစ်မဲ့ပြည်သူများ ​သေဆုံး၊ထိခိုက်မှုအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow ထုတ်ပြန်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများဖြင့် လေးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့ Dark Shadowက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၁ ရက်) နံနက် ၄ နာရီ ၅၅မိနစ်နှင့် ၅ နာရီ ၄ မိနစ် အချိန်တွင် ကမာရွတ်မြို့နယ်၊လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ အပြစ်မဲ့ပြည်သူများအားမတရားဖမ်းဆီးသတ်ဖျက်သော ကမာရွတ်ရဲစခန်းအား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Nyan Lin Phyo/FB

“လေးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များအား ထပ်မံတိိုက်ခိုက်ခဲ့ရာ အထိခိုက်အပျက်ဆီးများစွာရှိနိုင်သည် “ဟု Dark Shadow အဖွဲ့က ပြောသည်။

Public Service Announcement

ဖြစ်စဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အတွက်လွန်စွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူဝမ်းနည်းရသည်ဟု Dark Shadow က အသိပေးသည်။

ဓာတ်ပုံ – Nyan Lin Phyo/FB

“ပစ်ခံရပြီး ​သေသွားတဲ့ အမျိုးသားက ကျွန်မတို့ (၆)ရပ်ကွက်ထဲကပါ ကုန်စိမ်းသွားကြိုပီး ရပ်ကွက်ထဲ ပြန်အဝင်မှာ ပစ်ခံရတာပါ”ဟု ကမာရွတ်မြို့နယ်နေသူတစ်ဦက People’s Springသို့ ပြောသည်။

သေဆုံးသွားသည့် လူငယ်သည် ယင်းပေါက်ကွဲမှုဖြစ်သည့်အချိန် မီးပွိုင့်၌ ရပ်နေသည့် တက္ကစီပေါ်တွင်လိုက်ပါလာသူဖြစ်ကြောင်း ယင်းဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ – Nyan Lin Phyo/FB

” ရဲ​​တွေက မနက် ​စျေးသွား၊​စျေးလာ​တွေ ပစ်​နေတာ၊ မနက် ၇နာရီ​ကျော်​လောက်အထိ လမ်း​​ပေါ်က လူ​တွေပစ်​နေတုန်း”ဟု ကမာရွတ်မြို့နယ်​နေ ပြည်သူအမျိုးသမီးတစ်ဦးက ​ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နောက်ထပ်သေဆုံးသူ အမျိုးသားတစ်ဦးရှိသေးသည်ဟု ထွက်ပေါ်နေသော်လည်း သီးခြားအတည် ပြုချက်မရသေးပေ။

လက်ရှိတွင် ကမာရွတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ DCခြောက်စီးပါ ယာဥ်တန်းဖြင့် ကင်းလှည့်နေသည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။