စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (K.R.U)က ထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၂၂)က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု K.R.U ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသင်တန်း အပတ်စဉ် (A) အပတ်စဉ် (B) အားပြုလုပ်ပြီးစီး၍ တော်လှန်ရေးခရီးလမ်း၏ သမိုင်း၀င်ရက်တစ်ခုဖြစ်သည်ဟု အသိပေးသည်။



“ကျွန်တော်တို့ ရှေ့ဆက်ပိုကောင်းမွန်တဲ့ စစ်ဆင်ရေးတွေဖော်ဆောင် နိုင်အောင်စီစဥ်နေကြတယ်”ဟု KRU တာဝန်ရဗိသူက People’s Springသို့ ပြောသည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုသည် အမိန့်နာခံမှုအားကောင်းသော အလဲအလှယ်ပြုလုပ်သည့်စစ်ကြောင်းတစ်ကြောင်းအနေဖြင့် အဆင်သင့်အနေအထားရှိနေပြီး မြေပြင်တိုက်ပွဲစစ်ဆင်ရေးများတွင် ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အား အစုအဖွဲ့များနှင့် အတူတကွ လက်တွဲညီစွာ တိုက်ပွဲ၀င်သွားဟုလည်း ကြေညာသည်။

Public Service Announcement


ကရင်နီတော်လှန်ရေးတပ်ပေါင်းစုသည် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ထုတ်၍ တော်လှန်ရေးအောင်မြင်ပြီးဆုံးသည်အထိ တွန်းလှန်သွားမည်ဟုလည်း ကတိပြုသည်။
အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လျက်ရှိသော တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ ကရင်နီတော် လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union– KRU)ကို ယခုလ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

အဆိုပါ KRU တွင် Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊ Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။


















































