Connect with us

Hi, what are you looking for?

News

သ​ပြေကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်မှု “နန်းထိုက်​အောင်စစ်ဆင်​ရေး”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့​ကြေညာ

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

“နန်းထိုက်​အောင်မြို့ပြစစ်ဆင်​ရေး”အဖြစ် သန်လျင်မြို့နယ်ရှိ သ​ပြေကန်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါရဲစခန်းကို ယမန်နေ့(မေ ၂၀ ရက်)ည ၁၁နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲနှင့်စစ်ကောင်စီတပ်သားများထိခိုက်နိုင်သည်ဟု ဆိုသည်။

“အတိအကျ မသိရသေးပေမယ့်။သေချာတာတစ်ခုက​တော့ စခန်းတစ်ခုလုံး တုန်လှုပ်​ခြောက်ခြားသွားတာပါပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဘန်ကာများကို ပေ ၂၀ ခန့်ပြုလုပ်ထားသည့် ယင်းစခန်းရှိ ရဲနှင့်စစ်သားများသည်ပစ်ခတ်တိုက်ခိုက်စဥ် ခေါင်းပင် မဖော်ရဲကြောင်း စစ်ဆင်ရေးပါဝင်သူတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုမတိုင်မီ ယခုခ ၁၄ ရက်က “နန်းထိုက်အောင်စစ်ဆင် ရေး”စစ်ရေးပစ်မှတ်အဖြစ် ရန်ကုန်မြို မင်္ဂလာဒုံမြိုနယ်ရှိ အမှတ်(၈၂) တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းအဆိုပါ မစ်ရှင်ဦးဆောင်သည့် စစ်ရေးတာဝန်ခံက People’s Spring သို အတည်ပြုထားသည်။

ထို့အပြင် ဒဏ်ရာရရှိသူများအနက် အချိုမှာ သေဆုံးနိုင်ချေရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် မေလ၁၃ရက် ည​နေပိုင်းကလည်း ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်​ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။