Connect with us

Hi, what are you looking for?

News

မန္တလေးမြို့လယ်ပိုင်း နေအိမ်မှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရပြီး သွေးသောက်အဖွဲ့တံဆိပ်ချိတ်ဆွဲသွား

စစ်အုပ်စုသတင်းတွေကို ဝါဒဖြန့်နေတဲ့ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွေမှာ သတ်ခံရတဲ့သားအမိတွေဟာ မြိုင် PDF အဖွဲ့က ရဲဘော်တစ်ဦးရဲ့ မအေနဲ့အမ ဖြစ်တယ်လို့ သတင်းဖြန့်နေတာတွေ့ရပါတယ်။

မန္တလေးမြို့လယ်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းကနေအိမ်တစ်အိမ်မှာ အမျိုးသမီး နှစ်ဦး မနေ့က မေလ ၂၀ ရက်ညပိုင်းကသတ်ဖြတ်ခံလိုက်ရပါတယ်။

သတ်ဖြတ်ပြီးနောက်အလောင်းမှာသွေးသောက်အဖွဲ့ရဲ့ အမှတ်အသားတံဆိပ်ကို ထားရှိသွားတယ်လို့သိရပါတယ်။ သတ်ခံရသူအမျိုးသမီး နှစ်ဦးဟာ သားအမိတွေတော်စပ်ကြပါတယ်။

စစ်အုပ်စုသတင်းတွေကို ဝါဒဖြန့်နေတဲ့ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွေမှာ သတ်ခံရတဲ့သားအမိတွေဟာ မြိုင် PDF အဖွဲ့က ရဲဘော်တစ်ဦးရဲ့ မအေနဲ့အမ ဖြစ်တယ်လို့ သတင်းဖြန့်နေတာတွေ့ရပါတယ်။

ဒါအပြင် သတ်ခံရသူ အမျိုးသမီးကြီးဟာ မြိုင် PDF ထောက်ပံ့မှုတွေလုပ်နေသူလို့ သတင်းဖြန့်ပါသေးတယ်။

Public Service Announcement

Public Service Announcement

သွေးသောက်ဆိုတဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်း မန္တလေးမှာ လူသတ်မှုတွေနဲ့စတင်ပေါ်ထွက်လာခဲ့တာပါ။ မန္တလေးမှာ သွေးသောက်အဖွဲ့ လက်ချက်နဲ့သတ်ဖြတ်ခံရသူ ၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ NLD ပါတီဝင်တွေ ၊ ပါတီကိုဝန်းရံသူတွေဖြစ်ကြပါတယ်။

စစ်ကောင်စီကတော့ သွေးသောက်အဖွဲ့ဟာ သူတို့နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ငြင်းဆိုထားပါတယ်။

ဒါပေမယ့် သွေးသောက်အဖွဲ့လက်ချက်နဲ့သေဆုံးသူတွေကို လာရောက်ဖမ်းဆီးချိန်နဲ့အလောင်းစွန့်ပစ်ချိန်တွေမှာ စစ်ကောင်စီလက်အောက်ခံလုံခြုံရေးအဖွဲ့တွေရဲ့ကားတွေကိုအသုံးပြုတာတွေရှိခဲ့တယ်ဆိုတာ မျက်မြင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး NLD က ကြေညာချက်ထုတ်ပြန်ထားဖူးပါတယ်။

မြေပြင်မှာလည်း သွေးသောက်အဖွဲ့က သတ်ဖြတ်မှုတွေ လုပ်နေပေမယ့် စစ်ကောင်စီက ဖမ်းမိတဲ့သတင်းထုတ်ပြန်တာမျိုး ထုတ်ပြန်တာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။