Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကိုယာယီပိတ်ထား​ကြောင်း​ချောင်းဦးPDFထုတ်ပြန်

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။

ချောင်းဦးPDF
ချောင်းဦးPDF

ချောင်းဦး – ပခုက္ကူလမ်းပိုင်းများကိုယခုကြေညာချက်ထုတ်ပြန်ချိန်(​မေ ၂၉ ည​နေ ၃ နာရီခွဲ)မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်​ကြောင်း​ချောင်းဦးပြည်သူ့ကာကွယ်​ရေးတပ်(CHUPDF)က​ကြေညာသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင်​ပါရှိသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ​ချောင်းဦးPDFက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။