Connect with us

Hi, what are you looking for?

သတင်း

ရွေး​ကောက်ခံအရပ်သားအစိုးရ​အောက်တွင်သာ ကာကွယ်​ရေးတာဝန်ထမ်း​ဆောင်မည်ဟုKNDF မူဝါဒ​ကြေညာစာတမ်းတွင်​ဖော်ပြ

“KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် ပြည်သူတင်မြှောက်သော အရပ်သားအစိုးရ၏အုပ်ချုပ်မှုအောက်တွင်သာ ကာကွယ် ရေးတာဝန်များထမ်းဆောင်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

ယနေ့(မေ ၃၁ ရက်)တွင် KNDF တည်ထောင်ခြင်းတစ်နှစ်ပြည့်တွင်ထုတ်ပြန်သည့်နိုင်ငံရေးမူဝါဒကြေညာစာတမ်း၌အထက်ပါအတိုင်း ဖော်ပြထားသည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

အလားတူ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ကရင်နီပြည်နယ်သည် ဖက်ဒရယ်ယူနစ်တစ်ခု၊ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့ဝင်တစ်ခုအဖြစ်တန်းတူရည်တူပါဝင်ရမည်ဟုလည်းပါရှိသည်။

ထိုအခြေအနေတွင် KNDFသည် ကရင်နီပြည်နယ်၏ ပြည်နယ်တပ်ဖွဲ့အဖြစ်သော်လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ်ထားမည့်အတိုင်း ဖက်ဒရယ်တပ်ဖွဲ့၊ပြည်ထောင်စုတပ်ဖွဲ့တွင် ကရင်နီပြည်နယ်ကို ကိုယ်စားပြု၍ အချိုးကျပါဝင်ပြီး တာဝန်ထမ်းဆောင်မည်ဟုအသိပေးသည်။

Public Service Announcement

Public Service Announcement

“KNDF အနေဖြင့် ရင့်ကျက်တည်ငြိမ်ပြီးစံပြတော်လှန်ရေးတပ်ဖြစ်အောင်ရပ်တည်ပြရမှာဖြစ်တယ်။ရပ်ဝေးရပ်နီးရှိ PDF တပ်ဖွဲ့များအားလုံး မိမိတို့ KNDF နှင့်အတူ လက်တွဲ တိုက်ပွဲဝင်ကြရန် အထူးဖိတ်ခေါ်တိုက်တွန်းလိုပါတယ်”ဟု KNDF ဥက္ကဌ ခွန်းဘီထူးကပြော သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

KNDF သည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး၊ကိုယ်ပိုင်းပြ ဌာန်းခွင့်ရှိသောပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည်နယ်ကို ဖော်ဆောင်သွားမည်ဟုလည်း ၎င်းက အသိပေးသည်။

KNDF၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန်ဆက်လက်ကြိုးစားရမည်ဖြစ်ပြီး တပ်ပိုင်း ဆိုင်ရာ ဓာတ်ဓာတ်ရေးရာ၊တိုက်ပွဲနှင့် နယ်မြေ ထိန်စချုပ်မှုများအတွက်အစွမ်းကုန်ဆက်လက်ကြိုးပမ်းရဦးမည်ဟုလည်းပါရှိသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ရင်ဆိုင်ရန် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပြီး နောက် ယမန်နှစ် မေလ ပထမပတ်တွင် Karenni state Army အမည်ဖြင့် တပ်ရင်း ၄ ခုဖွဲ့စည်းခဲ့သည်။

(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်တွင် တိုက်ပွဲများစတင်ခဲ့ပြီးနောက် လက်နက်ကိုင်အစုအဖွဲ့များစွာထွက်ပေါ်လာခဲ့သည့်အတွက် အမိန့်ပေးမှု ဗျူဟာ အခက်အခဲများစွာကြုံတွေ့ခဲ့၍ KSAအပါအဝင်အခြားသောအစုအဖွဲ့များစုပေါင်းကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟုအမည်ရွေးချယ်ကာ ယမန်နှစ် မေ ၃၁ ရက် တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC ၏ နိုင်ငံရေးလမ်းညွှန်မှုခံယူသည့်တပ်ဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။