Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား PDFတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်
မုံရွာမြို့ စီးပွားရေးတက္ကသိုလ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား PDFတပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ​ခြောက်ဦးသေဆုံးကြောင်း အနောက် မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အုပ်စုဘက်က ​ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ အပြားရှိနိုင်ကြောင်း၊ မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ တာဝန်ရှိသူက “ သူတို့ဘက်ကလည်း RPG ၊ (၆၀) မမတွေရယ်၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်ဗျ။ ထိတာပြုတာတော့မရှိဘူး။ အကြမ်းဖက်စစ်တပ်ဘက်ကတော့ ညနေကထိ သတင်း ရတာတော့ ​ခြောက်ကောင်သေပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့သိရပါတယ်ဗျ။” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော် စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အထက်ပါစစ်ဆင်ရေးအား အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏တပ်ရင်း(၁)၊ တပ်ခွဲ(၁) People’s Defence Force – South Monywa၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂) Black Dragon – Special Task Force၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂)၊ တပ်စု(၁) Anyar Defence Force (A.D.F)၊ တပ်ရင်း(၁)၊ တပ်ခွဲ(၃) God of Monywa People’s Defence Force & Red Eagle People’s Defence Force၊ တပ်ရင်း(၁)၊ တပ်ခွဲ(၄) Monywa Fighter Group & Golden Eagle Force – Monywa၊ တပ်ရင်း(၃)၊ တပ်ခွဲ(၁) Monywa Ranger Group – Truth Army၊ တပ်ရင်း(၃)၊ တပ်ခွဲ(၂) Monywa Red Peacock၊ တပ်ရင်း(၃)၊ တပ်ခွဲ(၃) People’s Defence Force – Yar Za Than၊ တပ်ရင်း(၃)၊ တပ်ခွဲ(၄) Springs Dove တို့ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

ကိုပီတာ တို့တပ်ရင်းကရဲဘော်တွေ 'စာ' ပေးခံရပါတယ်။စာကတော့ တစောင်ထဲပါ။ "အကို့တို့ကို 'စာ' ပေးချင်လို့" တစ်ခွန်းတည်းပြောပြီး ရဲဘော်တွေရဲ့ မြင်ကွင်းကနေ ရှောင်ထွက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။