Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် အမျိုးသမီးစစ်သည်များ ထုတ်လုပ်သော ပြင်းအားမြင့်မိုင်းဖြင့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်

ယနေ့(စက်တင်ဘာလ ၂ရက်) နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်ငါးစီးဖြင့် တက်လာသော စစ်ကောင်စီယာဥ်တန်းကို မြောင်နှင့်မြင်းမူအခြေစိုက် ပြည်သူကာကွယ်ရေးမဟာမိတ်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ - Ko Nway Oo)
(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ - Ko Nway Oo)

စစ်ကိုင်းမှ မုံရွာမြို့သို့ တက်လာသည့် စစ်ကောင် စီယာဥ်တန်းကို မြောင်အမျိုးသမီးစစ်သည်တော် တပ်မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းလေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ချက်ကောင်းထိမှန်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာလ ၂ရက်) နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်ငါးစီးဖြင့် တက်လာသော စစ်ကောင်စီယာဥ်တန်းကို မြောင်နှင့်မြင်းမူအခြေစိုက် ပြည်သူကာကွယ်ရေးမဟာမိတ်များက မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ - Ko Nway Oo)
(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ – Ko Nway Oo)

“စခတွေက သံချပ်ကာငါးစီးနဲ့ တက်လာမယ်လို့ သတင်းရတာ။ တကယ်တက်လာတော့ ဂျန်ပါနှစ်စီးနဲ့ စစ်ကားသုံးစီးနဲ့ ရောက်ချလာတာ။ လေးစီးမြောက်တည့်တည့်ကို ဖောက်ခွဲနိုင်ခဲ့တယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ၏ ပြောရေးဆိုခွင့်ရှ်ိသူ ကိုနွေဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“အခု မိုင်းခွဲတဲ့နေရာရဲ့ ဟိုဘက်ဒီဘက်မှာ စခ တွေ တပ်ချထားတာ။ ငါးမိနစ်အတွင်းရောက်လာနိုင်တဲ့နေရာမို့ မိုင်းခွဲပြီးတာနဲ့ ပြန်ဆုတ်ခွာခဲ့ရတယ်။စစ်ခွေးတွေထိပေမယ့် အတိအကျ မသိရသေးပါဘူး”ဟုကိုနွေဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ - Ko Nway Oo)
(မြောင် အမျိုးသမီးစစ်သည်တော်များ မိုင်းပြုလုပ်နေစဉ်၊ ဓာတ်ပုံ – Ko Nway Oo)

အသုံးပြုခဲ့သည့် မိုင်းများမှာ မြောင်အမျိုးသမီးစစ်သည်တော်တပ်မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများဟု ၎င်းက ရှင်းပြသည်။

ယ​နေ့ မိုင်းစစ်ဆင်ရေးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ မြောင်အမျိုးသမီး စစ်သည်တော်တပ် M2W၊Black Eagle Defense Force မြင်းမူ၊ မြင်းမူ မြို့ပြပြောက်ကျားအဖွဲ့ CRF၊ People Defense Force MMU PDFနှင့်မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။