Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ

အစည်းအဝေး၌ ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး ၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ
မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ

ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် အဖွဲ့အစည်းပိုမိုကျစ်လစ်ခိုင်မာရေးနှင့် စည်းကမ်းပြည့်၀ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လာစေရေးအား ဦးထိပ်ထားရင်း စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်သည် အထိ စည်းလုံးညီညွတ်စွာဖြင့် အသက်နှင့်ရင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။

နိုဝင်ဘာ ၂၃ရက်ကကျင်းပခဲ့သည့် မင်းတပ် CDF ရှိ တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများ ပါဝင်သည့် အစည်းအဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုအချိန်က အားလုံးက တစုတစည်းတည်းဖြစ်ဖို့ ကြိုးစားနေကြတာ။ ကျနော်တို့ကကျတော့ အစောကြီး ကတည်းက တစုတစည်းတည်းရှိခဲ့တာ။ အခုအချိန်ထိလည်း ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာရှိနေ တယ်ဆိုတဲ့အကြောင်း ဒီလိုမျိုး ထုတ်ပြန်တာပါ။ အရင်လိုပဲ စုဖွဲ့မှု ကောင်းကောင်းနဲ့ အရင်ထက်ပိုကျစ်လစ်တဲ့ ပုံစံနဲ့ သွားနေတာ”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အစည်းအဝေး၌ ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး ၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

မင်းတပ် CDFနှင့် ပတ်သက်သည့် မည်သည့် ကိစ္စများကိုမဆို သိရှိအကြံပြုလိုပါက မင်းတပ် CDF Facebook Page ၊ တပ်မဟာမှူးရုံး၊ ဒုတပ်မဟာမှူးရုံးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ပေးပို့နိုင်ကြောင်း အသိပေးထားပြီး မင်းတပ် CDFပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားပြောဆိုမှုများ လုံး၀မလုပ်ရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။