Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ

အစည်းအဝေး၌ ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး ၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ
မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာသည့်အဖွဲ့အဖြစ်တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု ကြေညာ

ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် အဖွဲ့အစည်းပိုမိုကျစ်လစ်ခိုင်မာရေးနှင့် စည်းကမ်းပြည့်၀ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လာစေရေးအား ဦးထိပ်ထားရင်း စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်သည် အထိ စည်းလုံးညီညွတ်စွာဖြင့် အသက်နှင့်ရင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။

နိုဝင်ဘာ ၂၃ရက်ကကျင်းပခဲ့သည့် မင်းတပ် CDF ရှိ တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများ ပါဝင်သည့် အစည်းအဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုအချိန်က အားလုံးက တစုတစည်းတည်းဖြစ်ဖို့ ကြိုးစားနေကြတာ။ ကျနော်တို့ကကျတော့ အစောကြီး ကတည်းက တစုတစည်းတည်းရှိခဲ့တာ။ အခုအချိန်ထိလည်း ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာရှိနေ တယ်ဆိုတဲ့အကြောင်း ဒီလိုမျိုး ထုတ်ပြန်တာပါ။ အရင်လိုပဲ စုဖွဲ့မှု ကောင်းကောင်းနဲ့ အရင်ထက်ပိုကျစ်လစ်တဲ့ ပုံစံနဲ့ သွားနေတာ”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အစည်းအဝေး၌ ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး ၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

မင်းတပ် CDFနှင့် ပတ်သက်သည့် မည်သည့် ကိစ္စများကိုမဆို သိရှိအကြံပြုလိုပါက မင်းတပ် CDF Facebook Page ၊ တပ်မဟာမှူးရုံး၊ ဒုတပ်မဟာမှူးရုံးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ပေးပို့နိုင်ကြောင်း အသိပေးထားပြီး မင်းတပ် CDFပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားပြောဆိုမှုများ လုံး၀မလုပ်ရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။