▪︎စစ်ကောင်စီတပ်သားအလောင်းဖြစ်နိုင်ဟုဒေသခံအချို့သုံးသပ်
ရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံမြို့နယ်တွင်ချောင်းအတွင်းမျောပါလာသော ရုပ်အလောင်းတစ်လောင်းကို ဒေသခံများက တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအဖွဲ့များက မီးရှို့သဂြိုလ်လိုက်သည်။
ကွမ်းလုံမြို့နယ်၊ဖာဆန်ကျေးရွာအနီးချောင်းထဲတွင် သေဆုံးနေသော အမျိုးသားရုပ်အလောင်းတစ်လောင်းကိုဒီဇင်ဘာလ ၁၀ရက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
” အရပ်ဝတ်နဲ့ဗျ။ မျောနေတာကြာပြီထင်တယ်။ရုပ်ကတော့ပျက်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ကွမ်းလုံမြို့နှင့် ထိစပ်နေသော ချင်းရွှေဟော်၊ သိန္ဒီမြို့တို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်က ၎င်းတို့တပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများကို စွန့်ပစ်ထွက်ပြေးသွား၍ (MNDAA)က သဂြိုလ်ပေးခဲ့ရသည်။

Public Service Announcement
ယခုတွေ့သော ရုပ်အလောင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်နေကြသည်။ရုပ်အလောင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေးပေ။
