Connect with us

Hi, what are you looking for?

သတင်း

ကွမ်းလုံမြို့နယ်​ချောင်းအတွင်းအ​လောင်းတစ်​လောင်း​တွေ့

ကွမ်းလုံမြို့နယ်၊ဖာဆန်ကျေးရွာအနီးချောင်းထဲတွင် သေဆုံးနေသော အမျိုးသားရုပ်အလောင်းတစ်လောင်းကိုဒီဇင်ဘာလ ၁၀ရက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

(​ချောင်းအတွင်းမှ အ​လောင်းကိုဆယ်ယူ​နေစဥ်။ ဓါတ်ပုံ-CJ)
(​ချောင်းအတွင်းမှ အ​လောင်းကိုဆယ်ယူ​နေစဥ်။ ဓါတ်ပုံ-CJ)

▪︎စစ်​ကောင်စီတပ်သားအ​လောင်းဖြစ်နိုင်ဟု​ဒေသခံအချို့သုံးသပ်

ရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံမြို့နယ်တွင်ချောင်းအတွင်းမျောပါလာသော ရုပ်အလောင်းတစ်လောင်းကို ဒေသခံများက တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအဖွဲ့များက မီးရှို့သဂြိုလ်လိုက်သည်။

ကွမ်းလုံမြို့နယ်၊ဖာဆန်ကျေးရွာအနီးချောင်းထဲတွင် သေဆုံးနေသော အမျိုးသားရုပ်အလောင်းတစ်လောင်းကိုဒီဇင်ဘာလ ၁၀ရက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

” အရပ်ဝတ်နဲ့ဗျ။ မျောနေတာကြာပြီထင်တယ်။ရုပ်ကတော့ပျက်နေပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ကွမ်းလုံမြို့နှင့် ထိစပ်နေသော ချင်းရွှေဟော်၊ သိန္ဒီမြို့တို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်က ၎င်းတို့တပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများကို စွန့်ပစ်ထွက်ပြေးသွား၍ (MNDAA)က သဂြိုလ်ပေးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယခုတွေ့သော ရုပ်အလောင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ကြောင်း ​ဒေသခံအချို့က သုံးသပ်နေကြသည်။ရုပ်အလောင်းနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာမှာရှိတဲ့ စခန်းသာကျေးရွာက တအာင်းတပ်မတော်(TNLA)တပ်စခန်းကို စစ်တပ်က သိမ်းပိုက်ရလိုက်ပြီး တိုက်ပွဲဟာ မြို့နဲ့ (၅)မိုင်ခန့်အကွာအထိ ရောက်လာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရှောင်နေရတဲ့ ကျေးရွာ အရေအတွက် ၃၀ ကျော် ထိ ရှိလာတယ်လို့ ကျောက်မဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ (၈)မိုင်ခန့်အကွာက စခန်းသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Y12နဲ့ ဆက်တိုက်ဗုံးကြဲနေလို့ မြို့ပေါ်က ဒေသခံတွေ ဘေးလွတ်ရာအမြန်ရှောင်ကြဖို့ လူမှုရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

သတင်း

ရှမ်းပြည်အရှေ့ပိုင်းမိုင်း‌‌ယောင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် RCSS ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။