Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က ကျေးရွာအချို့ကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အမျိုးသမီးအပါအဝင် နှစ်ဦးထိခိုက်

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်များကို အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူထိခိုက်မှုရှိပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ သတင်းထုတ်ပြန်သည်။

စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ်အဆောက် အဦးများကို ဇန်နဝါရီ ၂၁ရက် ည ၁၂နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အမျိူးသားတစ်ဦး အမျိုးသမီးတစ်ဦးဒဏ်ရာ ရခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ် များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း မင်းတပ်မြို့ပေါ်တွင် တပ်ဆင်ထားသော ဟောင်ဝစ်ဇာ ‌(Howitzer) လက်နက်ကြီးများဖြင့် မင်းတပ်မြို့နယ် ၀မ္မသူးကျေးရွာသို့ ငါးချက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှု၌ ထိခိုက်ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ကျေးရွာများသို့ အကြောင်းမဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများရမ်းသမ်း ပစ်ခတ် ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွား​​ခြင်းမရှိဘဲ အရပ်သားများကိုယခုကဲ့သို့ ပစ်ခတ်နေပါက ပြင်းပြင်းထန်ထန်တုန့် ပြန်တိုက်ခိုက်သွားမည်ဟု မင်းတပ်CDFမှ ရဲဘော် တစ်ဦးက ပြောသည်။

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဟာကလေးက လတ်တလောအခြေအနေနှင့်ပတ်သက် ၍ ဒေသခံပြည်သူလူထုအား အောက်ပါအတိုင်း အသ်ိပေးထားသည်။

“အနီးနားရှိကျေးရွာများ ၊ မြို့စွန်တွင်နေထိုင်သော ပြည်သူများအထူးဂရုစိုက်ကြပါ။ စ…(စစ်ကောင်စီတပ်) လှုပ်ရှားသတင်းရပါက အခြင်းခြင်း သတင်းလက်ဆင့်ကမ်းပေးကြပါ”ဟု ကိုဟာကလေးက လူမှုကွန်ရက်မှတဆင့် အသိပေး ထားသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။