Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ၂ နှစ်အတွင်း အမျိုးသမီး ၂,၈၀၀ နီးပါးဖမ်းခံရပြီး ၄၀၀ ကျော်သေဆုံးခဲ့ရ

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်
နွေဦးတော်လှန်ရေးကာလအတွင်းစစ်တပ်ရဲ့လက်ချက်ကြောင့် ပထမဆုံး ဆုံးပါးသွားရတဲ့ မမြသွဲ့သွဲ့ခိုင်

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်းအမျိုးသမီး ၂,၈၀၀ နီးပါး ဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ရသူ ဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။

ဖမ်းခံရတဲ့ အမျိုးသမီးဦးရေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၇၅၈ ဦး စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဟာ အမျိုးသမီးဦးရေ အများဆုံး ဖမ်းခံရတဲ့စာရင်းထဲပါပြီး အဲဒီတိုင်း ၂ တိုင်းမှာ အမျိုးသမီးအယောက် ၃၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

ပဲခူးတိုင်းနဲ့တနင်္သာတိုင်းမှာလည်း အမျိုးသမီး ၂၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့စာရင်းအရသိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒီလို ဖမ်းခံရတဲ့အမျိုးသမီးဦးရေထဲမှာ ပညာရေးဝန်ထမ်းတွေ ၊တက်ကြွလှုပ်ရှားသူတွေ နဲ့ကျန်းမာရေးကဏ္ဍနဲ့ဆက်စပ်သူတွေ အများဆုံးဖမ်းခံရတာတွေ့ရပါတယ်။

ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။

ဒါအပြင် ၂ နှစ်တာ ကာလအတွင်းသေဆုံးခဲ့ရတဲ့ အမျိုးသမီး ဦးရေ ၄၁၄ ဦးရှိခဲ့ပြီး ဒီစာရင်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူတွေ ၊ ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးသူတွေ ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသူတွေနဲ့ ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးရသူတွေပါဝင်တာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။