Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်ကို CDFနှင့် မဟာမိတ်အဖွဲ့က ယနေ့ တိုက်ခိုက်

စစ်ကောင်စီတပ် ခလရ(၂၇၄)သည် ယမန်နေ့ နံနက်ပိုင်းကလည်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်
မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်

▪️ယမန်နေ့က စစ်ကောင်စီတပ် လက်နက်ကြီး ပစ်၍ အမျိုးသမီးတစ်ဦးသေဆုံးဟု ဒေသခံ အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်ကို ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ယနေ့ (မေလ ၂၅ရက်)နံနက် ၇နာရီမှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ဒေသမှူးက သတင်းပို့လာတာရှိတယ်။ ခလရ (၂၇၄)ကို တိုက်ခိုက်မှုရှိတယ်ပေါ့နော်။ မနက် ၇နာရီကနေစပြီးတော့ ပူးပေါင်းတပ်ဖွဲ့လို့ပဲ ပြောပါတော့ မဟာမိတ် တချို့နဲ့ ပူးပေါင်းပြီး ခလရ(၂၇၄)ကို ရှော့တိုက်ဒုံးတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိတယ်။ပစ်ခတ်နေတုန်းပေါ့နော်။ အထိခိုက်တော့ မသိနိုင်ဘူး တပ်တွင်း သတင်းဆိုတော့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဒေသခံသတင်းရင်းမြစ်ကလည်း မင်းတပ်ဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားရာ ယနေ့ မေလ ၂၅ရက်တွင် ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် မင်းတပ် – ကျောက်ထု လမ်း မြောက်ဘက်အခြမ်း တောလမ်းအတိုင်း တောင်ပေါ်ဘက် ဦးတည် လှုပ်ရှားလာသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယနေ့တွင် မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြည်သူများ သွားလာခြင်းမပြုရန် ကာကွယ်ရေးတပ်များက တားမြစ်ထားသည်ဟုဆိုသည်။

ယမန်နေ့ညပိုင်းကလည်း ခလရ (၂၇၄)တပ်က မင်းတပ်မြို့ အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။ ယနေ့နံနက်တွင်လည်း မင်းတပ်မြို့ထဲတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရကြောင်း၊ လုံခြုံခိုင်ခန့်သည့် နေရာများ၌ ရှောင်ပုန်းကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ် ခလရ(၂၇၄)သည် ယမန်နေ့ နံနက်ပိုင်းကလည်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။