Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်ကို CDFနှင့် မဟာမိတ်အဖွဲ့က ယနေ့ တိုက်ခိုက်

စစ်ကောင်စီတပ် ခလရ(၂၇၄)သည် ယမန်နေ့ နံနက်ပိုင်းကလည်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်
မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်

▪️ယမန်နေ့က စစ်ကောင်စီတပ် လက်နက်ကြီး ပစ်၍ အမျိုးသမီးတစ်ဦးသေဆုံးဟု ဒေသခံ အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်ကို ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ယနေ့ (မေလ ၂၅ရက်)နံနက် ၇နာရီမှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ဒေသမှူးက သတင်းပို့လာတာရှိတယ်။ ခလရ (၂၇၄)ကို တိုက်ခိုက်မှုရှိတယ်ပေါ့နော်။ မနက် ၇နာရီကနေစပြီးတော့ ပူးပေါင်းတပ်ဖွဲ့လို့ပဲ ပြောပါတော့ မဟာမိတ် တချို့နဲ့ ပူးပေါင်းပြီး ခလရ(၂၇၄)ကို ရှော့တိုက်ဒုံးတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု ရှိတယ်။ပစ်ခတ်နေတုန်းပေါ့နော်။ အထိခိုက်တော့ မသိနိုင်ဘူး တပ်တွင်း သတင်းဆိုတော့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဒေသခံသတင်းရင်းမြစ်ကလည်း မင်းတပ်ဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားရာ ယနေ့ မေလ ၂၅ရက်တွင် ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်သည် မင်းတပ် – ကျောက်ထု လမ်း မြောက်ဘက်အခြမ်း တောလမ်းအတိုင်း တောင်ပေါ်ဘက် ဦးတည် လှုပ်ရှားလာသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယနေ့တွင် မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြည်သူများ သွားလာခြင်းမပြုရန် ကာကွယ်ရေးတပ်များက တားမြစ်ထားသည်ဟုဆိုသည်။

ယမန်နေ့ညပိုင်းကလည်း ခလရ (၂၇၄)တပ်က မင်းတပ်မြို့ အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။ ယနေ့နံနက်တွင်လည်း မင်းတပ်မြို့ထဲတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရကြောင်း၊ လုံခြုံခိုင်ခန့်သည့် နေရာများ၌ ရှောင်ပုန်းကြရန် တိုက်တွန်းထားသည်။

စစ်ကောင်စီတပ် ခလရ(၂၇၄)သည် ယမန်နေ့ နံနက်ပိုင်းကလည်း လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။