Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ PDF ကယ်ဆယ်​ရေးအဖွဲ့ စစ်​မြေပြင်အ​ရေး​ပေါ်ကယ်ဆယ်ကုသ​ရေးမွန်းမံသင်တန်းပို့ချ

စစ်ကောင်စီတပ်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်နေကြသည့် ရှေ့တန်းမှ ရဲဘော်များ ထိခိုက်ဒဏ်ရာ ရလျှင် အလျင်မြန်ဆုံးကယ်ဆယ် ကုသပေးရမည့် တာ ဝန်အပြည့်ရှိသည်ဟု MPRT က အသိ​ပေးသည်။

(MPRF အဖွဲ့ဝင်များ စစ်​မြေပြင်အ​ရေး​ပေါ်ကယ်ဆယ်ကုသ​ရေး မွန်းမံစင်တန်းတက်​ရောက်​နေကြစဥ်။ဓါတ်ပုံ-MPRF)
(MPRF အဖွဲ့ဝင်များ စစ်​မြေပြင်အ​ရေး​ပေါ်ကယ်ဆယ်ကုသ​ရေး မွန်းမံစင်တန်းတက်​ရောက်​နေကြစဥ်။ဓါတ်ပုံ-MPRF)

စစ်မြေပြင်အရေးပေါ် ကယ်ဆယ်ရေးနှင့်ကုသရေးနည်းလမ်းများအတွက် အထူး မွမ်းမံသင်တန်း ပို့ချခဲ့ကြောင်း မိုးဗြဲ PDF ကယ်ဆယ်​ရေးအဖွဲ့-( MOBYE PDF Rescue Team-MPRT )က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်နေကြသည့် ရှေ့တန်းမှ ရဲဘော်များ ထိခိုက်ဒဏ်ရာ ရလျှင် အလျင်မြန်ဆုံးကယ်ဆယ် ကုသပေးရမည့် တာ ဝန်အပြည့်ရှိသည်ဟု MPRT က အသိ​ပေးသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊စစ်ဒေသ(၃)၊ အမှတ်(၁၀၀၁)မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) အမှတ်စဉ်၁/၂၀၂၃အတွက်MPRT မှ စစ်မြေပြင် အရေးပေါ် ကယ်ဆယ်ရေးနှအထူး မွမ်းမံသင်တန်းင့် ကုသရေး နည်းလမ်းများကို သင်ကြား ပို့ချခဲ့ကြောင်း အသိပေးသည်။

“ဒီရက်ပိုင်း မိုးဗြဲ ထိတွေ့ တိုက်ပွဲက ငြိမ်နေတယ်။ဒါပေမယ့် စစ်ရေးအရ တင်းမာနေဆဲပဲ။သူတို့ဘက်က တပ်လှုပ် အင်အားဖြည့်တာတွေရှိနေတယ်။အချိန်မရွေးတိုက်ပွဲက ဖြစ်နိုင်နေတာပေါ့”ဟု မိုးဗြဲ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်မြေပြင်ကယ်ဆယ်‌ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်လျက်ရှိပြီး ရဲဘော်များ၏ ကျန်း မာရေးစောင့်ရှောက်မှုများကိုလည်း ကြိုးစားပြီး ဆောင် ရွက်နေကာ မည်သည့်အခြေနေတွင်မဆို စစ်မြေပြင်ကယ်ဆယ်ရေး၊ ရဲဘော်ကျန်းမာရေး စောင့်ရှောက်မှုများကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဟု MPRT က ကတိပြုသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရ ရဲဘော်များကို မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများမဖြစ်အောင် ဆောင်ရွက်မည်ဟု လည်းထုတ်ပြန်သည်။

မိုးဗြဲ မြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက လက်ရှိတွင် စစ်ကောင်စီက အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြာင်းထိုး၍ စည်းကား ၂ ၊ ၃ ရပ်ကွက်များ၌ နေရာယူ ထားသည်။ဇွန်လ ၅ ရက်ကစ၍ စစ်ကောင်စီမှ PNO ပြည်သူ့စစ် နှင့်ပူး ပေါင်းကာ အင်အားအလုံးအရင်းဖြင့် မိုးဗြဲ မြို့တွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အင်အား ၄၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ် မှာ မိုးဗြဲ မြို့ရှိ အရပ်သားပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ ၃၀ ဦးခန့်ကို သတ်ဖြတ်ခဲ့သည်။

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်ကို ​​တိုက်ခိုက်လျှက်ရှိပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook