Connect with us

Hi, what are you looking for?

သတင်း

၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ
၂ နှစ်ခွဲကာလအတွင်း အမျိုးသမီး ၃,၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံတဝှမ်းအမျိုးသမီး ၃,၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဆိုပါတယ်။

အဲဒီစာရင်းဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့အချက်အလက်တွေကို မှီးငြမ်းသလို ခိုင်လုံတဲ့သတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေကိုအခြေခံထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ မှာဆိုရင်လည်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ တိုးလာတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ တစ်လအတွင်း အမျိုးသမီး ၁၉ ဦး ဖမ်းခံရကာ အချို့ဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်းဖို့ လူမှုကွန်ရက်မှာရေးသားတယ်ဆိုတဲ့စွပ်စွဲချက် ၊ တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် ပေါက်ကွဲမှုတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရမှုတွေလည်းအမျိုးသမီးတွေဖမ်းခံရတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။