Connect with us

Hi, what are you looking for?

သတင်း

မိဘ​တွေ အသတ်ခံရတဲ့​နေ့မှာ”နေမဝင်ခင်နေကွယ်သွားတဲ့နေ့” သီချင်းဆိုပြရင်း ရင်ဖွင့်မယ့် စစ်​ကောင်စီလက်ကထွက်​ပြေးလွတ်​မြောက်ခဲ့တဲ့ ကိုစန်းမင်းပိုင်

သန်လျင်လူငယ် ​ထောင်မှလွတ်မြောက်လာသည့် လူငယ်များစုစည်းကာ စစ်အာဏာရှင်အမြစ်ပြုတ်ရေးကို ဦးတည်ပြုလုပ်မည့် Y14 (Youths Fourteen) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြောင်း ကိုစန်းမင်းပိုင်က မီဒီယာအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် အသိပေးထားသည်။

သတိုး / People’s Spring

မိဘနှစ်ဦး မတရားသတ်ဖြတ်ခံခဲ့ရသည့်နှစ်ပတ် လည်နေ့တွင် “နေမဝင်ခင် နေကွယ်သွားတဲ့နေ့” သီချင်းကို အွန်လိုင်းမှ တင်ပေးမည်ဟု နွေဦးတော်လှန်ရေးတွင် မိဘနှစ်ဦးကိုဆုံးရှုံးခဲ့ရသော ကိုစန်းမင်းပိုင်က အသိပေးသည်။

ကိုစန်းမင်းပိုင်သည်ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားသမဂ္ဂ) အဖွဲ့၀င်တစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် အသက် ၁၇ နှစ်အရွယ်သာရှိ​သေး၍ စစ်​ကောင်စီကကလေးထောင်ဟု အများကခေါ်သည့် သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းသို့ပို့​ဆောင်ခဲ့သည်။ ကိုစန်းမင်းပိုင် အပါအဝင် လူငယ် ၁၄ ဦးမှာ ထို​စခန်းမှ ၂၀၂၂ စက်တင်ဘာ ၂၃ ရက်တွင်ထွက်​ပြေးလွတ်မြောက်လာပြီး ခြောက်ရက်အကြာတွင် ၎င်း၏မိဘများဖြစ်သော အသက် ၅၈ နှစ်အရွယ် ဦးစန်းမြင့်နှင့် ဒေါ်သီသီစိုးတို့ကို ​နေအိမ်မှာပင် အရပ်ဝတ်လူတစ်စုက စက်တင်ဘာ ၂၉ တွင် သေနတ်ဖြင့် လာရောက်ပစ်သတ်သွားခဲ့သည်။ ထို​သေနတ်သမားများမှာစစ်တပ်ဘက်​အောက်ခံ ပျူ​စောထီးများဟု ​တော်လှန်​ရေးအင်အားစုများကသုံးသပ်ကြသည်။

“မိဘနှစ်ပါးအတွက်ဘာလုပ်ပေးနိုင်မလဲဆိုပြီး တစ်နှစ်အတွင်းလိုက်ရှာခဲ့ပေမယ့် ကျွန်တော်လုပ်တတ်တာ Rap ရွတ်တာပဲရှိတော့ ကျွန်တော် Rap ပဲရွတ်ပါမယ်။ မိတ်ဆွေတို့က ကျွန်တော့် Rap ရွတ်သံကိုနားထောင်ပါ။ HipHop ဂီတဟာ ဖိနှိပ်ခံတွေရဲ့ပေါက်ကွဲသံစဉ် ဖြစ်တာကြောင့် အသက်အရွယ်မရွေး၊လူမျိုးဘာသာမရွေး လူသားတိုင်းခံစားလို့ရပါတယ်။ ” ဟု သူက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါသီချင်းကို မိဘနှစ်ဦး မတရားသတ်ဖြတ်ခံခဲ့ရသည့် စက်တင်ဘာ ၂၉ ရက်တွင် ဖေ့စ်ဘွတ်၌တင်ပေးမည်ဖြစ်သည်။

“လူကြီးမင်းတို့နားဆင်ပြီးလို့တစ်ခုခု ခံစားမိခဲ့သည်ရှိသော် …ဒီRapသီချင်းလေးနဲ့ ကျွန်တော့်မိဘတွေပစ်သတ်ခံခဲ့ရတာကို မိတ်ဆွေတို့အနာဂတ်ဆီ အလျဉ်းသင့်ရာအခြေအနေဖြင့် သယ်ဆောင်သွားပေးပါ။တရားဥပဒေပြန်လည်စိုးမိုးတဲ့နေ့ကျရင်…ကျွန်တော်ရှိချင်မှလည်းရှိမှာပါ။ “ဘဝကဘယ်နေ့သေမလဲ မသိနိုင်ဘူးလေဗျာ…” ကျွန်တော်မရှိတော့ရင်တောင် အဖေနဲ့အမေ သတ်ဖြတ်ခံရမှုအတွက် တရားမျှမှုကိုပြန်ယူပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။” ဟု အသက် ၁၈ နှစ်အရွယ်ကိုစန်းမင်းပိုင်ကတောင်း​ရေးသားထားသည်။

ကိုစန်းမင်းပိုင်သည် ၂၀၂၁ ဩဂုတ်လ၌ စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံခဲ့ရပြီး သန်လျင်လူငယ်ထောင်၌ ၈ လကျော် နေထိုင်ခဲ့ကာ ၂၀၂၂ စက်တင် ဘာ ၂၃ ရက်တွင် သန်လျင်လူငယ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်သည်။

“ထွက်ပြေးပါသည်ဆိုသော အကြောင်းပြချက်နဲ့ စက်တာဘာ၂၉ရက် ညနေ၆နာရီဝန်းကျင်ခန့်မှာ ကျွန်ုပ်၏မိဘနှစ်ပါးအား အိမ်ပေါ်ထိ တက်ပြီးပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။ အသက်၅၀ ကျော်လင်မယားကို အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။ အိမ်တံခါးမဖွင့်ရဲလို့ အိမ်ရှေ့က လမ်းမှာဖျာခင်းပြီး တရားနာခဲ့ကြရပါတယ်။” ဟု မိဘနှစ်ဦးမတရား သတ်ဖြတ်ခံခဲ့ရသည့်အကြောင်းကို စန်းမင်းပိုင်က မျှဝေထားသည်။

ယင်းသီချင်းကို Music Video နှင့်အတူ တင်ပေးမည်ဖြစ်ပြီး ပါဝင်သူအားလုံးက မေတ္တာဖြင့် ကူညီပေးထားကြောင်း သိရသည်။

“Page ကြီးထောင်ပြီး တင်တယ်ဆိုတာလည်း ငယ်ငယ်ကတည်းကရူးခဲ့ရတဲ့ HipHopဖြစ်တာရယ်၊ ကျွန်တော်လုပ်တက်တာဒါပဲရှိတာရယ်ကြောင့်ပါ။ကျွန်တော်မသေပဲ တော်လှန်နေဆဲဆိုတာ အဖေမြင်အောင်ပေါ့။ အမေက New Year Show board ကိုလာပြပြီး ” ဒီလိုပါလာမှ ယုံမယ်ဆိုပြီး” ကျွန်တော့်အိမ်မက်ကို မျက်နှာပြောင်ခဲ့ဖူးတယ်လေ။ ကျွန်တော် မိုက်ကိုင်ထားဖို့လဲ လိုပါတယ်” ဟု စန်းမင်းပိုင်က ရေးသားထားသည်။

သန်လျင်လူငယ် ​ထောင်မှလွတ်မြောက်လာသည့် လူငယ်များစုစည်းကာ စစ်အာဏာရှင်အမြစ်ပြုတ်ရေးကို ဦးတည်ပြုလုပ်မည့် Y14 (Youths Fourteen) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြောင်း ကိုစန်းမင်းပိုင်က မီဒီယာအချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook