Connect with us

Hi, what are you looking for?

သတင်း

ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို PDFများတိုက်ခိုက်သိမ်းပိုက်

ယနေ့ညနေ သုံးနာရီခွဲခန့်က သိရှိရသော သတင်းများအရ ကောလင်းမြို့ပေါ်မှ စစ်ကောင်စီ နေရာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

▪︎စစ်ကောင်စီလေကြောင်းမှပစ်၍ အရပ်သား သေဆုံးမှုရှိ၊ မြို့​ပေါ်တိုက်ပွဲဆက်ဖြစ်နေ

ကောလင်းမြို့‌ပေါ်တိုက်ပွဲတွင် ရဲစခန်းနှင့် စစ်​ကောင်စီ၏ထွေအုပ်ရုံးကို ယ​နေ့နံနက်တွင်PDFများကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်း သေဆုံးကာ ငါးဦးအား အရှင်ဖမ်းမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

“ကောင်းလင်းထဲက ရဲစခန်းနဲ့ ထွေအုပ်ကို သိမ်းပြီးပါပြီ။ လေးဘက်လေးတန် ဝင်တိုက်တာပါ။ခရိုင်ရင်း(၁)၊ ရင်း(၂)နဲ့ ပကဖတွေ တိုက်တာ။ လောလောဆယ် စခ ၃ဝ သေထားပါတယ်။ ငါးကောင် အရှင်ဖမ်းထားပါတယ်” ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးကာ တစ်ဦးသည်ဒဏ်ရာရထားကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လယ်ပိုင်းတွင်စစ်ကောင်စီက ကောလင်းမြို့ပေါ် သို့ ဂျက်ဖိုက်တာနှင့်ရော ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့မရပ်ကွက်ပေါ်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းအိမ်မှမိသားစု၀င်များ သေဆုံးသွားကြောင်း သတင်းရရှိသည်။ အသေးစိတ်ကို People’s Spring ကစုံစမ်း​နေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့ညနေ သုံးနာရီခွဲခန့်က သိရှိရသော သတင်းများအရ ကောလင်းမြို့ပေါ်မှ စစ်ကောင်စီ နေရာများအနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း လေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)
(​ကောလင်းမြို့တည်​နေရာကိုGoogle Earth တွင်​တွေ့ရစဥ်နှင့် ကောလင်းရဲစခန်းနှင့် စစ်​ဘေး​ရှောင်ပြည်သူများ။ ဓါတ်ပုံ-Kaw Lin Info ၊ CJ)

ကောလင်းမြို့အတွင်းပိတ်မိနေသောပြည်သူများအနေဖြင့်လက်ရှိအချိန်ထိ မိမိနေအိမ်အတွင်းသာနေထိုင်ရန်နှင့်မလိုအပ်ပါကအပြင်မထွက်ကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဒဏ်ရာရပြည်သူများရှိပါက အရေးပေါ်အခြေအနေတွင် ဖုန်းနံပတ် 09955097339 ကသို့ ဆက်သွယ်အကူအညီတောင်းရန်Kawlin Revolution -IR က ထုတ်ပြန်အသိပေးထားသည်။

လိုအပ်ပါက မြို့နယ်ပြည်သူအုပ်ချုပ်ရေး၊မြို့နယ်ပြည်သူ့လုံခြုံရေး၊PDFနှင့်ပကဖတို့ပူးပေါင်းပြီး ပြည်သူများအား ဘေးကင်းရာသို့ ရွေ့ပေးနိုင်ရန်စီစဥ်နေကြောင်း လျှက်ရှိနေကြောင်းသတင်းကိုKawlin Revolution -IR က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။