Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်ကောင်စီအကျဥ်းစခန်းတစ်ခုကို တောင်ပိုင်းညီနောင်သုံးဖွဲ့ မီးရှို့ဖျက်ဆီး

ထုံခါကျေးရွာရှိ စစ်ကောင်စီ အကျဥ်းဦးစီးဌာန၏ ဆင်ဖြူရှင်(၄)အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်သုံးဖွဲ့ (SBA)ဖြစ်သည့်၊ KTLA ထီးစယ်မယ်ယွာတပ်ရင်း၊ ခွဲ ၃ ၊ ခွတ်ဒေါင်းတမန်အထူးစစ် ကြောင်း၊ People liberation army-PLA တို့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီ အကျဥ်းဦးစီးဌာန၏ ဆင်ဖြူရှင်(၄)အကျဥ်းစခန်းမီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီ အကျဥ်းဦးစီးဌာန၏ ဆင်ဖြူရှင်(၄)အကျဥ်းစခန်းမီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)

တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာရှိ စစ်ကောင်စီ အကျဥ်းစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကော်သူးလေတပ်မတော် KTLA-TCJF တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ထုံခါကျေးရွာရှိ စစ်ကောင်စီ အကျဥ်းဦးစီးဌာန၏ ဆင်ဖြူရှင်(၄)အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်သုံးဖွဲ့ (SBA)ဖြစ်သည့်၊ KTLA ထီးစယ်မယ်ယွာတပ်ရင်း၊ ခွဲ ၃ ၊ ခွတ်ဒေါင်းတမန်အထူးစစ် ကြောင်း၊ People liberation army-PLA တို့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“မီးမလောင်ဘဲ ကျန်တာဆိုလို့ရှိရင် အုတ်နဲ့လုပ်ထားတဲ့ စခန်းပဲကျန်တယ်။ ကျန်တဲ့ဟာတွေ အဆောက်အဦးတွေအားလုံးကို ကျနော်တို့ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်”ဟု တောင်ပိုင်းညီနောင်သုံးဖွဲ့တွင်ပါဝင်သည့် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ဆင်ဖြူရှင်(၄)အကျဥ်းစခန်းအား မစွန့်ခွာမီ စစ်ကောင်စီတပ်က စခန်းအတွင်း ဝင်ရောက်နိုင်မည့် ဝင်ထွက်ပေါက်များတွင် မြေမြှပ်မိုင်း ခြောက်လုံးထက်မနည်း ထောင်ထားခဲ့ရာ မီးရှို့ဖျက်ဆီးစဥ် ပေါက်ကွဲမှုများရှိခဲ့သော်လည်း မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ အကျဥ်းဦးစီးဝန်ထမ်းများနှင့် လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်သားများသည် အကျဥ်းစခန်းအား နိုဝင်ဘာ ၂၆ ရက်တွင် စွန့်ခွာ၍ အကျဥ်းသားများကို မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်အကျဥ်းစခန်းသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

“အဓိကကတော့ စစ်ရေးအခြေအနေအရ ခုလိုရွှေ့သွားတာပေါ့။ ကျနော်တို့က အစောပိုင်းမှာ မဟာမိတ်ဖွဲ့ထားတာက KTLA နဲ့ ခွပ်ဒေါင်းတမန် စစ်ကြောင်းနှစ်ခုပဲရှိသေးတယ်။ အခုကြတော့ PLA ပါထပ်တိုးလာတော့ အင်အားတောင့်လာတဲ့အပေါ်မှာ ဝင်ရောက်စစ် ကြောင်းထိုးခံရမှာကြောက်လို့ ကားတွေနဲ့ကြိုတင်ပြင်ဆင်ပြီး ကျောက်ဖြူတောင် စခန်းကို ရွှေ့သွားကြတယ်လို့ သိထားရတယ်ဗျ”ဟု ခွပ်ဒေါင်းတမန်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

စစ်ကောင်စီဘက်မှ ၎င်း၏အကျဥ်းဦးစီးဝန် ထမ်းများအား ကျောက်ဖြူတောင်စခန်းသို့ ပြောင်းရွှေ့စဥ် လုံခြုံရေးလိုက်ပါသည့် စစ် တပ်ယာဥ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တစ်ခုက ကမ်းတိုရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။