Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ဦးဆောင်နေသူများနှင့်စစ်အာဏာရှင်စနစ်မရှိမှသာ မြန်မာပြည်သူများစိတ်သက်သာရာ ရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

( ​ဖေဖော်ဝါရီလ၁၆ ရက်ကမောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်း၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတို့တွင် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk)
( ​ဖေဖော်ဝါရီလ၁၆ ရက်ကမောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်း၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတို့တွင် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk)

▪︎စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်ဟုထပ်မံအသိ​ပေး

ရန်ရန်/People’s Spring

စစ်ကောင်စီကို ဦးဆောင်နေကြသောသူများ၊ စစ်​ကောင်စီတပ်နှင့် စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမည်ဖြစ်ကြောင်း​မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ထို့​ကြောင့်မြန်မာနိုင်ငံအနှံ့အပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်သည်လည်း မြင့်တက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင်ပါရှိသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် မိမိတို့၏စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဖွဲ့ချင်းစီအလိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်းအကောင်အထည်ဖော်ရင်း ၁၀၂၇ စစ်ဆင်ရေးကို အတူတကွဆင်နွှဲခဲ့သော်လည်းအခြေအနေတစ်ခုအောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်၌ ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်း ရုတ်တရက်ရပ်တန့်နေခဲ့ကြောင်း၊ သို့သော်

Public Service Announcement

Public Service Announcement

လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှတစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်နှင့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတို့၏ ရက္ခိုင်ဒေသတွင်းတိုက်ပွဲများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ​ဖေည်ပြထားသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များထဲမှတစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ရည်မှန်းချက် (ဆန္ဒ) လည်း ဖြစ်ကြောင်း လည်းထပ်မံအသိ​ပေးသည်။

စစ်ကောင်စီအနေဖြင့်အရပ်သားပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာဒုက္ခမျိုးစုံတို့ကို တစ်နေ့တစ်မျိုးမရိုးအောင် ပြုလုပ်နေကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ဖြစ်ပျက်လျက်ရှိသည်ဟုသိရသည်။

ထို့အတူ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ်စစ်တပ်ဘွဲ့”ကို ၂၀၂၃ ခုနှစ်ကတည်းကပင် ပြိုင်ဘက်ကင်းရရှိထားပြီးဖြစ်ကြောင်း၊ ယခုအချိန်၌ လည်း စစ်ကောင်စီ၏ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေကြောင်း ညီနောင်သုံးဖွဲ့ကဆိုသည်။ထို​ကြောင့် လက်ရှိ စစ်ကောင်စီ ၊ စစ်ကောင်စီ ဦးဆောင်နေသူများ နှင့် စစ်အာဏာရှင်စနစ်မရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်ဆင်​ရေးသတင်းများထုတ်ပြန်ရာတွင် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား KIA ၊ AA နှင့် မိတ်ဖက်​တော်လှန်​​ရေးအဖွဲ့များ၏ ဗျူဟာ​မြောက်တိုက်ခိုက်မှု​ကြောင့် စတင်ထိုးစစ်ဆင်ပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့​ကြောင်းလည်း အသိ​ပေးသည်။စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအားစစ်တပ်၏မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ ​တော်လှန်​ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အလားတူရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ ၄နာရီခွဲတွင် စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စခန်းကို ညနေပိုင်း၌ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟုအသိ​ပေးထားသည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်အလောင်း (၁၀) ကျော်အပါအဝင် လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသောရန်သူများ ကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟုဆိုသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိ​သောကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာနှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်းဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အိမ်မွေးတိရစ္ဆာန်များနှင့် ကျွဲ၊ နွားတို့မှာလည်း သေဆုံးမှုများ ရှိခဲ့သည်ဟုသိရသည်။

ရက္ခိုင်ဒေသတွင်သာမက နိုင်ငံတစ်ဝန်းတွင်စစ်ရေးရှုံးနိမ့်ကာ နလံမထူနိုင်သည့် စစ်ကောင်စီသည် လက်ကျန်မြို့ကြီးအချို့ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု ညီ​နောင် သုံးဖွဲ့က ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။