Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာသို့ဆက်သွယ်ထားသော တံတားသုံးစင်းကို စစ်ကောင်စီ ပိတ်ဆို့စစ်ဆေး

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

(စစ်ကောင်စီက တံတားများ ပိတ်ဆို့စစ်ဆေးနေသည့်အတွက် ဘုရင့်နောင်တံတားပေါ်တွင် ယာဥ်များပိတ်ဆို့နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက တံတားများ ပိတ်ဆို့စစ်ဆေးနေသည့်အတွက် ဘုရင့်နောင်တံတားပေါ်တွင် ယာဥ်များပိတ်ဆို့နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

သုည/People’s Spring

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်သို့ ဆက်သွယ်ထားသော ရွှေပြည်သာ၊ ဘုရင့်နောင်နှင့် အောင်ဇေယျာတံတား သုံးစင်းလုံးကို စစ်ကောင်စီက သံဆူးကြိုးများပိတ်ဆို့၍ ယနေ့(ဧပြီ ၁၉) ညပိုင်း၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီဝင်များက အင်းစိန်မှ လှိုင်သာယာမြို့သို့ ဆက်သွယ်ထားသည့် အောင်ဇေယျတံတား၊ မရမ်းကုန်းမှ လှိုင်သာယာသို့ ဆက်သါယ်ထားသည့် ဘုရင့်နောင်တံတား၊ ရွှေပြည်သာမှ လှိုင်သာယာသို့ ဆက်သွယ်ထားသည့် ရွှေပြည်သာတံတား စသည့် တံတားသုံးစင်းလုံးကို စစ်ကားများ၊ သံဆူးကြိုးများဖြင့် ပိတ်ဆို့၍ စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ပြောသည်။

“ည ၇နာရီလောက်ကတည်းက လှိုင်သာယာကို ပြန်တဲ့ တံတားတွေကို စစ်ကားတွေ သံဆူးကြိုးတွေနဲ့ ပိတ်ပြီး စစ်နေတာပါ။ လှိုင်သာယာကိုပြန်တဲ့ ရွှေပြည်သာတံတားပေါ်မှာ စစ်သားတွေအပြင် ရပ်ကွက်အုပ်ကြီးတွေပါ ပါမယ်ထင်တယ်။ ရောင်ပြန်အကျီတွေ ဝတ်ထားတာ တွေ့ရတယ်။ ကားတွေကို တစ်စီးချင်းကို စစ်နေတာပါ။ ဘာရှာနေမှန်းတော့ မသိဘူး။ ကားတွေပိတ်နေတာနဲ့ အိမ်ကို ၉ နာရီလောက်မှ ပြန်ရောက်တယ်”ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘုရင့်နောင်တံတားနှင့် အောင်ဇေယျ ကြိုးတံတားတို့တွင်လည်း စစ်ကောင်စီဝင်များက စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အဌားယာဥ်မောင်းက ဆိုသည်။

“လှိုင်သာယာဘက်ကို ခရီးသည်သွားပို့တာ အောင်ဇေယျ ကြိုးတံတားအဆင်းမှာ စစ်သားတွေ စစ်နေတာ ကြုံခဲ့ရတယ်။ ကားတစ်စီးလုံးလည်း ဖွင့်ရှာတယ်။ ဘယ်ကလာပြီး ဘယ်ကိုသွားပို့မှာလဲ ဆိုပြီး ခရီးသည်ကို နေရပ်လိပ်စာက အစမေးပြီး စစ်ပါတယ်။ တံတားပေါ်မှာ ကားတွေ တောက်လျောက်ပိတ်ပြီး တစ်နာရီကျော်လောက် ကားပိတ်တာ ခံလိုက်ရတယ်”ဟု ၎င်းယာဥ်မောင်းက ပြောသည်။

အဆိုပါစစ်ဆေးမှုများကို ၁နာရီကျော် ကြာမြင်ခဲ့ပြီး ည ၈ နာရီခွဲဝန်းကျင်မှ ကားများ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့​ကြောင်း လှိုင်သာယာမြို့နယ်နေ ပြည်သူများက ပြောသည်။

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ခေတ္တပိတ်မှုပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားနေကြသည်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ လမ်းပိုင်းအချို့ကိုလည်း ပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။