Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်၌ကျန်နေသည့် ဗျူဟာကုန်းနှင့် စစ်ကောင်စီတပ်ရင်းများကို ပိတ်ဆို့ဝန်းရံထားဟု တပ်မဟာ(၅) တာဝန်ရှိသူပြော

ဖာပွန်မြို့သိမ်း စစ်ဆင်ရေးကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ်လမှစ၍ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု မေလဆန်း စစ်ရေး အခြေအနေကို မေးမြန်းစဉ် အထက်ပါအတိုင်း ပြောပြခဲ့ခြင်းဖြစ်သည်။

(ဖာပွန်မြို့ရှိ ခမရ(၄၃၄)တပ်ရင်း သိမ်းပိုက်ပြီးနောက်တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(ဖာပွန်မြို့ရှိ ခမရ(၄၃၄)တပ်ရင်း သိမ်းပိုက်ပြီးနောက်တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းများကို ဝိုင်းရံ ပိတ်ဆို့ထားဆဲဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုများဆက်ရှိနေကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

ဖာပွန်မြို့သိမ်း စစ်ဆင်ရေးကို KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက မတ်လမှစ၍ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခု မေလဆန်း စစ်ရေး အခြေအနေကို မေးမြန်းစဉ် အထက်ပါအတိုင်း ပြောပြခဲ့ခြင်းဖြစ်သည်။

” အခုကတော့ သူတို့ ဗျူဟာကုန်းမှာ ပြန်ပြီး စုနေကြတာပေါ့။ နောက်ပြီး တစ်ဖက်တစ်ချက်မှာ ရှိတဲ့ သူတို့ တပ်ရင်းဌာနချုပ် စခန်းတွေလည်း သူတို့ ဌာနချုပ် စခန်းမှာပဲ ရှိနေတုန်းပဲ။ သူတို့လည်း သွားသွားလာလာတော့ သွားလို့မရဘူးပေါ့နော်။ သူတို့ စခန်းထဲမှာပဲ သူတို့ နေနေကြတာပေါ့။ လေယာဉ်ပျံတော့ နေ့တိုင်းလာတယ်”ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စခန်းသိမ်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခြင်းမရှိသေးဘဲ အဝေးမှသာ ပစ်ခတ်မှုဆက်ရှိနေသည်ဟု ပြောသည်။

” ဖာပွန်မြို့နယ်တစ်ခုလုံးဆို သူတို့ဟာနဲ့ သူတို့ ထွက်သွားတာလည်းရှိတယ်။ ဒီဘက်ကနေ သွားတိုက်ပြီး ဆုတ်သွားတာတွေလည်းရှိတယ်။ စခန်းကတော့ ဖာပွန်မှာပဲ စကခ(၁) ဗျူဟာ အဲဒီ ဗျူဟာကုန်းရယ် နောက်ပြီးတော့ သူတို့ဘေးမှာ တစ်ဖက်တစ်ချက် ပေါ့ ၃၄၀ တပ်ရင်းဌာနချုပ်နဲ့ ၃၄၁ တပ်ရင်းဌာနချုပ်က အဲဒီမှာ ရှိနေတုန်းပဲ။ ၁၉ ကတော့ ရထားတာတော်တော်ကြာပြီ။ ပြီးခဲ့တဲ့ အပတ်က ၄၃၄ တပ်ရင်းဌာနချုပ်က ရထားပြီးပြီ။ ၆၄၂ စစနလား သူတို့ကတော့ အဲဒီမှာ ရှိနေသေးတယ်”ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

KNUတပ်မဟာ(၅) ပူးပေါင်းတပ်သည် မတ်လ တတိယပတ်မှစ၍ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများအား ပိတ်ဆို့ဝိုင်းရံ တိုက်ခိုက်ခဲ့ရာ မတ်လကုန်ပိုင်း၌ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာသွားပြီး မြို့အနီးရှိ စစ်ကောင်စီ ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။

ထို့နောက် တော်လှန်ရေးပူးပေါင်းတပ်များက ဖာပွန်အခြေစိုက် ခလရ(၁၉)တပ်ရင်းနှင့် ခမရ(၄၃၄)တပ်ရင်းများကို ဧပြီအတွင်း သိမ်းပိုက်ခဲ့ပြီး ကျန်နေသည့် စစ်ကောင်စီတပ်များကို ဆက်လက် ဝိုင်းရံပိတ်ဆို့ထားခြင်းဖြစ်သည်။

စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် နေ့ည တိုက်ပွဲဝင်နေကြောင်း ရှေ့တန်းစစ်မြေပြင်မှ တပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်အယ်ခူစိုး၏ ပြောကြားချက်ကို ခမရ(၄၃၄)တပ်ရင်း သိမ်းပိုက်သည့် သတင်းဖော်ပြခဲ့သည့် ဧပြီ ၂၅ရက်တွင် တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်