Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်ရင်းထံ လေယာဉ်ဖြင့် ထပ်မံပစ္စည်းပို့

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ခဲယမ်း၊ရိက္ခာထုပ်များ ထပ်မံချပေးနေကြောင်းမင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးသည်။

မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ခဲယမ်း၊ရိက္ခာထုပ်များချပေးနေစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) တပ်ရင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ခဲယမ်း၊ရိက္ခာထုပ်များ ထပ်မံချပေးနေကြောင်းမင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးသည်။

မြေပြင်မှ စစ်အင်အားနှင့် ခဲယမ်းများဖြည့်တင်းရန် အခက်ကြုံနေသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လကုန်ပိုင်းနှင့် ယခုလဆန်းတွင် လေကြောင်းမှ ရိက္ခာခဲယမ်းထုပ်များ ဖြည့်တင်းနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ယခု Y-12 ကုန်တင်လေယာဉ်မှ မင်းတပ်မြို့ပေါ် ပျံဝဲနေပြီး (၂၇၄)တပ်ရင်းထဲ့သို့ လေထီးဖြင့် ခဲယမ်းနှင့် ရိက္ခာထုပ်များချနေတာ ၃ထုပ်ခန့် ရှိနေပါပြီ”ဟု မင်းတပ်ဒေသခံက ယနေ့ နေ့လည် ၁၂နာရီခန့်တွင် လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

မြို့ပေါ် ပျံဝဲနေသည့် စစ်ကောင်စီ လေယာဉ်၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြသည်။

စစ်ကောင်စီသည် ဩဂုတ် ၂၈ရက်နှင့် ဩဂုတ် ၃၁ရက်များကလည်း ယခုကဲ့သို့ လေယာဉ်ပေါ်မှ ခဲယမ်းရိက္ခာထုပ်များ လေထီးဖြင့်ချပေးခဲ့သည်ဟုဆိုသည်။ ယခင်က မင်းတပ်သို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများဖြည့်တင်းရာတွင် မကွေးတိုင်း ပခုက္ကူမြို့မှတဆင့် ယာဉ်တန်းများအသုံးပြု ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါ ဒေသများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာပြီး စစ်ကောင်စီယာဉ်တန်းများအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုအခါ စစ်ယာဉ်တန်းများ သွားလာရန် အခက်ကြုံနေခြင်းဖြစ်သည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းတပ်မြို့နယ်ရှိ ကျေးရွာများ အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း မင်းတပ် ချင်းဒေသကာကွယ်ရေးတပ် (CDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။