Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြိုင်လေကြောင်းတိုက်ခိုက်မှု၌ ကျရောက်ခဲ့သော ကျည်များအား တွေ့ရစဥ်။ဓါတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၂၃ ရက်) နေ့လယ် ၁၂နာရီ ကျော်က မြိုင်မြို့မြောက်ဘက်၊ အင်းရောင်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သူများ၏ အသေးစိတ်အချက်အလက်များအား လက်တလောမသိရသေးပေ။

ထို့အပြင် မြိုင်မြို့နယ် ကန်ကြီးတောကျေးရွာကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“အင်းရောင်းရွာက မနေ့ညကကို နှစ်စီးနဲ့ လာကြဲသေးတယ်။ အထိအခိုက်ကတော့မသိရသေးဘူး။”ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလားတူ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း မြိုင်မြို့နယ်၊ ကံကြီးတောရွာ

စာသင်ကျောင်းနှင့် အနီးကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ နေအိမ်တစ်လုံးပျက်စီးပြီး ဘုန်းကြီးကျောင်း အနည်းငယ်ပျက်စီးကြောင်း ဒေသခံများက ​ပြောသည်။

ထို့အပြင် ယမန်နေ့ကပင် ရေစကြိုနှင့် မြင်းခြံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ဦး သေဆုံးခဲ့သေးသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်နေပြီး စက်တင်ဘာ ၂၀ နှင့် ၂၁ရက်က ဖားကန့်၊ နောင်ချို၊ စဥ့်ကူး၊ မတ္တရာမြို့နယ်များတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးပြည်သူ ၉ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook