Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ် ဆင်မရွာကို စစ်‌ကောင်စီလေကြောင်းတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံး

ထီးလင်းနှင့် ဒီပဲယင်းမြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်

ဂန့်ဂေါမြို့နယ် ဆင်မရွာကို စစ်‌ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဆင်မကျေးရွာကို စစ်‌ကောင်စီက ယနေ့(အောက်တိုလာ ၅ရက်) ‌နေ့လည်ပိုင်းတွင် လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

ဆင်မကျေးရွာကို နေ့လည် ၁၂နာရီ ၄မိနစ်နှင့် ၁၂နာရီ ၃၇ မိနစ်တွင် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

” တိုက်ပွဲမရှိပါ။ အလကားနေရင်း ပစ်ချသွားတာ။ လမ်းသွားလမ်းလာ အရပ်သားတစ်ဦး ခေါင်းမရှိတော့တဲ့အထိ အခြေအနေဆိုးတယ် ဗျာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်းမြို့ကိုလည်း ယနေ့ ညနေပိုင်းတွင် လေကြောင်းမှတိုက်ခိုက်ခဲ့ရာတွင်လည်း လူထိခိုက်မှုရှိကြောင်း၊ အသေးစိတ်မသိရသေးကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အောင်တိုဘာလဆန်းအတွင်း မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့မှ မြို့နယ်အချို့များအား လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။

ဂန့်ဂေါမြို့နယ် ဆင်မရွာကို စစ်‌ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ယနေ့ညနေပိုင်းတွင်လည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို စစ်ကောင်စီက ဗုံးကြတိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းရရှိသည်။

အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများရပ်တန့်စေရန် စစ်ကောင်စီထံ စီးဆင်း‌နေသော လေယာဉ်ဆီ၊လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ လွှဲပြောင်းခြင်းမပြုကြရန် စက်တင်ဘာ ၂၆ရက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာနျူးကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook